ဇာတ်ကားများ ရွေးရန်

A Prophet

2026ဇာတ်လမ်းတွဲ

ဒီတစ်ခါ မိတ်ဆက်ပေးမဲ့ဇာတ်ကားလေးကတော့ လျှို့ဝှက်ဆန်းကြယ်မှုတွေအပြင် Mind Game ကိုပါ အသားပေးရိုက်ကူးထားတဲ့ A Prophet ဆိုတဲ့ဇာတ်လမ်းလေးပါ။ ဒီစီးရီးထဲမှာ ပဟေဠိဆန်ဆန် အကွက်ရွှေ့မှုတွေနဲ့ အဆိပ်ကိုအဆိပ်နဲ့ပြန်တိုက်မဲ့လှည့်ကွက်တွေကိုပါ မြင်ရမှာမို့ ဇာတ်ကားကြည့်ရင် အတွေးများတတ်တဲ့ပရိသတ်တို့နဲ့ အံကိုက်ပါပဲ။ အဓိကဇာတ်ဆောင်တွေအဖြစ် ကိုကို Li Xian နဲ့အတူ မမ Li Yi Tong က တွဲဖက်သရုပ်ဆောင်ထားသလို Wu Gang၊ Liu Guan Lin၊ Guo Jing Lin တို့လိုသရုပ်ဆောင်များစွာကလည်း အားဖြည့်ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> လျှို့ဝှက်ဆန်းကြယ်တဲ့ဂိုဏ်းတစ်ခုဟာ ကံကြမ္မာနဲ့ဗေဒင်ကိန်းဂဏန်းတွေကို လှည့်စားအသုံးချပြီး အပြစ်မဲ့သူတွေကို လိမ်လည်လှည့်ဖြား ကစားနေခဲ့ကြပါတယ်။ အတိတ်က နာကျင်စရာတွေကြောင့် လက်စားချေချင်စိတ်အပြည့်နဲ့ ရှန်ကွမ်းချန်းမင်ဟာ သူ့ရဲ့အဓိကရန်သူတော်ကြီး ကျန်းဖေးယန်နဲ့ မထင်မှတ်ဘဲ ပြန်လည်ဆုံတွေ့ခဲ့ရတဲ့အခါမှာတော့ လှည့်ဖြားသူတွေကို မာယာနဲ့ပဲပြန်လည်တုံ့ပြန်ဖို့ ပရိယာယ်တစ်ခုကို သေချာပြင်ဆင်ခဲ့ပါတော့တယ်။ ဒါပေမဲ့ ပရိယာယ်အကွက်တွေ အပြိုင်အဆိုင် အကွက်ချလာကြပြီး မမျှော်လင့်ထားတဲ့အလှည့်အပြောင်းတွေ ပေါ်ထွက်လာတဲ့အခါမှာတော့ ဒီဉာဏ်စမ်းကစားပွဲကြီးဟာ ပိုမိုအန္တရာယ်များလာခဲ့ပါတယ်။ မာယာထောင်ချောက်တွေရဲ့အဆုံးသတ်မှာ ဘယ်သူက ဘယ်သူ့ကို အထက်စီးကနေ အနိုင်ယူလှည့်စားသွားမလဲဆိုတာကို ရင်တမမ အသည်းတအေးအေးဖြစ်ရင်း ဒီစီးရီးထဲမှာ ခံစားကြည့်ရှုရမှာပါနော်။ Total Episodes : 24 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

24 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 24 အပိုင်း

ဇာတ်လမ်းအကြောင်း