ဇာတ်ကားများ ရွေးရန်

Irreplaceable

2026ဇာတ်လမ်းတွဲအမှတ် 8.0/10

ငယ်ဘဝမှာ ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ၊ မိသားစုပြိုကွဲမှုတွေကြောင့် ကိုယ့်ကိုယ်ကို "ဘယ်သူနဲ့မှ အစားထိုးလို့မရတဲ့ သူတစ်ယောက်" ဖြစ်လာအောင် ကြိုးစားမယ်လို့ သန္နိဋ္ဌာန်ချထားတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝရုန်းကန်မှုနဲ့ အချစ်ရေးကို ရင်ခုန်ဖွယ် ရိုက်ကူးထားတဲ့ "Irreplaceable (2026)" (无可替代) ဆိုတဲ့ တရုတ် Workplace Romance & Melodrama စီးရီးသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီစီးရီးလေးကတော့ လတ်တလော အသစ်ထွက်ရှိထားတဲ့ ကားသစ်လေးဖြစ်ပြီး၊ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Zhao Jin Mai နဲ့ Wei Da Xun တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာပါ အသက်အရွယ်ကွာဟမှု နဲ့ ဆရာတပည့် ဆက်ဆံရေးမျိုးကို သဘောကျတဲ့ ပရိသတ်တွေအတွက် အကြိုက်တွေ့စေမဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ် ဇာတ်လမ်းအညွှန်း >>> ရွှီချီ (Zhao Jin Mai) ဆိုတဲ့ ကောင်မလေးဟာ ငယ်စဉ်ကလေးဘဝမှာပဲ မိဘတွေ ကွာရှင်းပြတ်စဲမှုကြောင့် မိခင်ဖြစ်သူ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူလေးပါ။ ဒီလိုနာကျင်စရာ အတိတ်ဆိုးကြီးကြောင့် သူမဟာ အရွယ်ရောက်လာတဲ့အခါ အချစ်ကိုမယုံကြည်တော့ဘဲ၊ ကိုယ့်ဘဝကို ဘယ်သူမှ လာရောက်မဖျက်ဆီးနိုင်အောင်၊ ပြီးတော့ ဘယ်သူနဲ့မှ "အစားထိုးလို့မရတဲ့ (Irreplaceable)" မိန်းမသားတစ်ယောက် ဖြစ်လာအောင် အကြိတ်အနယ် ကြိုးစားပါတော့တယ် ရည်မှန်းချက်ကြီးမားပြီး ထက်မြက်တဲ့ ရွှီချီ တစ်ယောက် ယှဉ်ပြိုင်မှုတွေ ပြင်းထန်လွန်းတဲ့ စီးပွားရေးလုပ်ငန်းခွင်ထဲကို ရောက်လာတဲ့အခါမှာတော့ သူမရဲ့ အထက်လူကြီးဖြစ်သူ ယဲ့ရှင့်ကျစ် (Wei Da Xun) နဲ့ ဆုံတွေ့ပါတော့တယ် ယဲ့ရှင့်ကျစ်ဟာ အလုပ်မှာ တိကျပြတ်သားပြီး သြဇာတိက္ကမရှိတဲ့သူတစ်ယောက်ဖြစ်ပေမဲ့ ရွှီချီ အတွက်တော့ အလုပ်သင်ဆရာတစ်ယောက်လိုရော၊ အခက်အခဲတွေ ကြုံလာတိုင်း ကာကွယ်ပေးတဲ့ သူတစ်ယောက်လိုပါ ဖြစ်လာခဲ့ပါတယ် လုပ်ငန်းခွင်ထဲက အကောက်ကြံမှုတွေ၊ ပြိုင်ဆိုင်မှုတွေကြားမှာ ယဲ့ရှင့်ကျစ် ရဲ့ လမ်းညွှန်ပြသမှုတွေနဲ့အတူ ရွှီချီ တစ်ယောက် သူမဖြစ်ချင်တဲ့ "အစားထိုးမရတဲ့သူ" တစ်ယောက် ဖြစ်လာပါ့မလား ရင်ဘတ်ထဲက ဒဏ်ရာဟောင်းတွေကို ယဲ့ရှင့်ကျစ်ကပဲ ကုစားပေးပြီး သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုမျိုး အချစ်ရေးလေး ပေါက်ဖွားလာမလဲဆိုတာကို လုပ်ငန်းခွင် အားပြိုင်မှုတွေနဲ့ ပေါင်းစပ်ပြီး ရသစုံလင်စွာ ကြည့်ရှုရမဲ့ စီးရီးကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ် ရုံးတွင်းအချစ်ဇာတ်လမ်း (Office Romance) ပုံစံလေးဖြစ်ပေမဲ့ သာမန် အချစ်ကားတွေလို ပေါ့ပေါ့ပါးပါးလေးပဲ မဟုတ်ဘဲ ဘဝအတွက် ခွန်အားရစေမဲ့ကြိုးစားအားထုတ်မှုတွေ၊ လူ့သဘာဝတွေကိုပါ သေချာရိုက်ကူးပြထားတာမို့ Romance & Business Drama ကြိုက်သူတွေ လက်မလွှတ်တမ်း ကြည့်ရှုသင့်တဲ့ စီးရီးသစ်လေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်နော်။ Total Episodes : 20 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

20 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 20 အပိုင်း

ဇာတ်လမ်းအကြောင်း