Burnout in Limbo
မုန်တိုင်းထန်နေတဲ့ ညတစ်ည၊ လူသူကင်းမဲ့နေတဲ့ ကျွန်းငယ်လေးတစ်ခုပေါ်မှာ မထင်မှတ်ဘဲ ဆုံတွေ့လာကြတဲ့ လူတချို့နဲ့ သူတို့ရဲ့နောက်ကွယ်က ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ချက်တွေကို အသည်းယားဖွယ် ရိုက်ကူးထားတဲ့ Crime Suspense စီးရီးသစ်လေး "Burnout in Limbo" (生死尽头) ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးဟာ အပိုင်း ၃ ပိုင်းပဲ ပါဝင်တဲ့ မီနီစီးရီး (Miniseries) လေးဖြစ်ပေမဲ့ အစကနေအဆုံးထိ ပရိသတ်ကို ဆွဲခေါ်သွားနိုင်မဲ့ ဇာတ်အိမ်မျိုးနဲ့ ဖွဲ့စည်းထားတာပါ…သရုပ်ဆောင်တွေအနေနဲ့ Louise Wong, Bian Cheng နဲ့ Liu Yi Tie တို့က အဓိကပါဝင်အားဖြည့်ထားပြီး၊ နာမည်ကြီးဝတ္ထု "Yuan Dao Fang Zhou" ကို အသက်ဝင်ဆုံး ပြန်လည်ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း >>> ရာစုနှစ်အကူးအပြောင်းကာလတစ်ခုမှာ အထီးကျန်ဆန်ပြီး လျှို့ဝှက်ချက်တွေ ပြည့်နှက်နေတဲ့ ကျွန်းငယ်လေးတစ်ခုဟာ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ခုံဖြစ်လာပါတယ်…အင်အားပြင်းထန်တဲ့ တိုင်ဖွန်းမုန်တိုင်းကြီး ဝင်ရောက်လာဖို့ နာရီပိုင်းအလိုမှာပဲ မတူညီတဲ့ ရည်ရွယ်ချက် ကိုယ်စီနဲ့ လူတစ်စုဟာ ဒီကျွန်းပေါ်ကို ရောက်ရှိလာကြပါတယ်။ အသက်အန္တရာယ်တွေ နေရာတိုင်းမှာ ကိန်းအောင်းနေတဲ့အချိန်၊ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်လုနီးပါး ဖြစ်နေတဲ့ အခြေအနေမှာ တိုက်ဆိုင်မှုလို့ ထင်ရပေမဲ့ တကယ့်ကို တမင်ဖန်တီးထားတဲ့ တွေ့ဆုံမှုတွေ စတင်လာပါတော့တယ်။ အသက်ရှင်သန်ရေးအတွက် ရုန်းကန်ရတဲ့အခါ လူတွေရဲ့ ဟန်ဆောင်မျက်နှာဖုံးတွေ ကွာကျလာပြီး သူတို့ရဲ့ အနက်ရှိုင်းဆုံး အတ္တတွေ၊ လောဘတွေနဲ့ အမှောင်ဘက်ခြမ်းတွေက တစ်စစနဲ့ ပေါ်ထွက်လာပါတယ်။ ချောက်ကမ်းပါးစွန်းမှာ ရပ်နေရသလို အသက်လုပွဲတွေကြားထဲကနေ ဘယ်သူက အကောင်း၊ ဘယ်သူက အဆိုးလဲ… လူ့သဘာဝရဲ့ အရှုပ်ထွေးဆုံး စိတ်နေစိတ်ထားတွေကို အက်ရှင်၊ မှုခင်းနဲ့ သည်းထိတ်ရင်ဖို အငွေ့အသက်တွေ အပြည့်အဝပေးပြီး ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာကို မျက်တောင်မခတ်တမ်း စောင့်ကြည့်ရမယ့် စီးရီးကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ် ဒီကားလေးက သာမန် မှုခင်းကားတွေလို မဟုတ်ဘဲ အချိန်တိုအတွင်းမှာ အဖြစ်အပျက်တွေကို အမြန်အဆန်နဲ့ လှည့်ကွက်တွေသုံးပြီး ရိုက်ကူးထားတာမို့ Dark & Crime Vibe ကြိုက်တဲ့သူတွေအတွက် အထူးသင့်တော်မဲ့ ကားလေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်နော် Total Episodes : 3 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 60 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
3 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း