Love Legend
ဒီတစ်ခါ ကြည့်ရမဲ့စီးရီးလေးကတော့ အားလုံး ကြိုက်ကြမဲ့ Romance ပုံစံကိုမှ Fantasy နဲ့ Mystery လေးတွေ ခပ်ပါးပါးအုပ်ထားတဲ့ဇာတ်အိမ်မျိုးလေးပါ။ ဒီ C-Drama လေးက နန်းရေးနန်းရာကြားက အချစ်ရိပ်ဖျော့ဖျော့ကို လှလှပပတင်ဆက်ထားပေးတဲ့ drama ကောင်းလေးတစ်ခုဖြစ်ပါတယ်။ အဓိကဇာတ်ကောင်တွေအဖြစ် မင်းသားချော Bai Shu နဲ့ Love & Crown မှာ အကြောတင်းလေးအဖြစ်ပါဝင်ခဲ့တဲ့ Chen Yi Han တို့က ကမ်မီဆွီမိမိ တွဲဖက်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း >>> ဂုဏ်သရေရှိမိသားစုကနေမွေးဖွားလာတဲ့ ယွင်ရှောက်ဟာ သွေးကျောက်စိမ်းနဲ့ပြုလုပ်မဲ့ ရက်စက်လှတဲ့ယဇ်ပူဇော်ပွဲတစ်ခုမှ သေကံမရောက်ဘဲ သီသီလေးလွတ်မြောက်ခဲ့ရသူပါ။ အဲဒီနောက်မှာတော့ အသက်တစ်ချောင်းတည်းလို ဆက်နွှယ်သွားစေမဲ့ကူအဆိပ်ပိုးမျှင်ကြောင့် သူဟာ ဖုန့်ရီကိုယ်ရံတော်တပ်ဖွဲ့ရဲ့အကြီးအကဲ ဖေကျောင်းနဲ့ ကံကြမ္မာချင်းယှက်နွယ်သွားခဲ့ရပါတယ်။ ယွင်ရှန်းရဲ့မတရားသေဆုံးခဲ့ရမှုအတွက် အမှန်တရားရှာဖွေဖို့နဲ့ သွေးကျောက်စိမ်းမိုင်းတွင်းက မသင်္ကာဖွယ်ရာကိစ္စတွေကိုဖော်ထုတ်ဖို့အတွက် ယွင်ရှောက်ဟာ မိရိုးဖလာစည်းကမ်းတွေကိုစိန်ခေါ်ပြီး ဖုန့်ရီဌာနထဲကို ခြေစုံပစ်ဝင်ရောက်ခဲ့ပါတော့တယ်။ အမှန်တရားကိုစုံစမ်းစစ်ဆေးရင်း ဆန်းကြယ်လှတဲ့ယဇ်ပူဇော်ပွဲလျှို့ဝှက်ချက်တွေဟာ နန်းတွင်း အာဏာလွန်ဆွဲပွဲတွေနဲ့အတူ အမှောင်ထုထဲက လျှို့ဝှက်ချက်ဆိုးကြီးတွေအဖြစ် ပေါ်ထွက်လာခဲ့ပါတယ်။ အန္တရာယ်ပေါင်းမြောက်မြားစွာကြားမှာ ယွင်ရှောက်နဲ့ဖေကျောင်းတို့နှစ်ဦးဟာ ပခုံးချင်းယှဉ်ကာ သစ္စာဖောက်မှုတွေကို အတူတကွရင်ဆိုင်ခဲ့ကြရင်း အချစ်၊ အမုန်းနဲ့ ပဟေဠိဆန်လှတဲ့ထောက်ချောက်တွေကြားမှာ သစ္စာတရားကို ခိုင်မြဲစွာဆုပ်ကိုင်ထားလျက် အမှန်တရားနဲ့အတူ နေ့ရက်သစ်တွေဆီကို အတူတကွလှမ်းချီခဲ့ကြပါတော့တယ်။ ဒီဇာတ်လမ်းက သာမန် Romance ထက်စာရင် ဇာတ်ကောင်နှစ်ဦးကြားမှာရှိတဲ့ အသက်ချင်း ဆက်နွှယ်နေတဲ့ Plot က ကြည့်ရှုသူတွေကို ရင်ခုန်စိတ်လှုပ်ရှားစေမှာမို့ အချစ်ပျားရည်တွေကြား ဦးနှောက်ကုန်ချင်ရင်၊ ထူးဆန်းထွေလာတွေကိုစိတ်ဝင်စားရင် ကြည့်ရှုအားပေးသင့်တဲ့ဇာတ်လမ်းကောင်းလေးပါပဲ။ Total Episodes : 24 Quality : WEB-DL 1080p Format : mp4 Genres : Drama Runtime : 20 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
24 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း