ဇာတ်ကားများ ရွေးရန်

Your Personal Taxi

2026ဇာတ်လမ်းတွဲအမှတ် 8.5/10

Your Personal Taxi (2026) အပိုင်း 1 မှ 8 စ/ဆုံး "အထီးကျန်ဆန်ပြီး ပင်ပန်းနွမ်းနယ်နေတဲ့ နေ့ရက်မျိုးမှာ ဖုန်းတစ်ချက်ခေါ်လိုက်ရုံနဲ့ အရောက်လာပေးမယ့် ဒရိုင်ဘာဂိုရဲ့ သီးသန့်တက္ကစီလေး..." တက္ကစီဆိုပေမဲ့ လူတိုင်းကိုတော့ တင်မခေါ်ပါဘူး။ကြိုတင် သီးသန့်ခေါ်ယူထားတဲ့ ပုံမှန်စီးနေကျ ခရီးသည်တွေသာ စီးနင်းခွင့်ရှိမှာဖြစ်ပြီး ခရီးစဉ်တစ်လျှောက်မှာလည်း ခရီးသည် နားထောင်ချင်တဲ့ သီချင်းကို ဖွင့်ထားပေးမှာပါ။ ဒီတက္ကစီလေးပေါ်မှာတော့ ဘယ်သူ့မျက်နှာကိုမှ ထောက်နေစရာ မလိုပါဘူး။ ဘယ်လို အိပ်မက်မျိုး ၊ ဘယ်လို အမှတ်တရမျိုးကမှ ပြက်ရယ်ပြုခြင်းခံရမှာ မဟုတ်သလို ကိုယ် တွေ့ကြုံခဲ့ရတဲ့ ပျော်ရွှင်ဖွယ် ၊ ဝမ်းနည်းဖွယ် ဘဝဇာတ်ကြောင်းအဖုံဖုံကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောပြလို့ ရပါတယ်။ခရီးသည် တစ်ဦးတည်းကသာ အဓိကဇာတ်ဆောင်လို အထူးတလည် ဆက်ဆံခံရမယ့် နေရာလေးပေါ့။ ဒါဆိုရင် ဘယ်ခရီးသည်တွေက ဘယ်လို ဇာတ်လမ်းမျိုးနဲ့အတူ ဒီတက္ကစီလေးပေါ်မှာ လိုက်ပါစီးနင်းဖြစ်ကြမလဲ...။ တက္ကစီတွင်းက လွင့်ပျံ့နေတဲ့ တေးသံတွေ ၊ ဒရိုင်ဘာဂိုရဲ့ နှစ်သိမ့်စကားသံတွေနဲ့အတူ နှလုံးသားကို အနွေးဓာတ်လေး ဖြည့်တင်းပေးနိုင်ဖို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။ ခရီးသည်တွေရဲ့ ရင်ဖွင့်သံတွေကို နားထောင်ပေးမယ့် ဒရိုင်ဘာဂိုအဖြစ် My Sassy Girl နဲ့ အသည်းစွဲခဲ့ရတဲ့ မင်းသား Cha Tae-Hyun အပြင်၊ ခရီးသည်များအဖြစ် Lee Yeon-Hee , Lee Kyoo-Hyung , Lee Jae-In , Lim Se-Mi , OH MY GIRL အဖွဲဝင် Mimi , Joo Jong-Hyuk , Ye Ji-Won အစရှိတဲ့ ကေဒရမ်မာ ပရိသတ်ကြီးတွေ ရင်းနှီးပြီးသား သရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ပေးထားပါတယ်။ Episodes: 8 Aired: Oct 1, 2026 Aired On: Thursday Duration: 30min Genres: Music, Life, Drama Subtitle: Myanmar Subtitle (Hardsub)

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း