ဇာတ်ကားများ ရွေးရန်

Boy, with Caution

2026ဇာတ်လမ်းတွဲအမှတ် 8.9/10

Boy, with Caution (2026) အပိုင်း (၁ မှ ၈) စ/ဆုံး (စုစုပေါင်း ၈ ပိုင်း ရှိသည်ကို ၂ ပိုင်းကို ၁ ပိုင်းပေါင်းပြီး တင်ဆက်ပေးထားပါတယ်ရှင်) "ဆရာ့ဆီမှာ ကျွန်တော်ကလွဲပြီး တခြားဘယ်သူမှ မရှိစေချင်ဘူး...ကျွန်တော့်လိုမျိုးပေါ့..." ဒီတစ်ခေါက် တင်ဆက်ပေးချင်တာကတော့ Ryu Se-Il နဲ့ Ha Jung-Hoon တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဆရာနဲ့ ကျောင်းသားကြားက အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - အမေ့ကို မပြောပြနိုင်တဲ့ အိမ်ထောင်ရေးပြဿနာ ၊ အတိတ်က ကျောင်းတွင်းကောလာဟလတွေကြောင့် စာချုပ်နဲ့ခန့်တဲ့ အင်တာဗျူးတွေကိုပဲ လှည့်လည်ဖြေဆိုနေရတဲ့ ကျောင်းဆရာလေး ဂျန်ဂီအူ (Ryu Se-Il)...။ ဒီတစ်ခေါက် အလှည့်ကျတာကတော့ နာ့ဝန်းအထက်တန်းကျောင်းပါ။ ကျောင်းကို စရောက်ရောက်ချင်း တွေ့လိုက်ရတာက မျက်နှာတစ်ခုလုံး ဒဏ်ရာတွေအပြည့်နဲ့ ကျောင်းသားလေး အီဟျွန်းဂျယ် (Ha Jung-Hoon) ပေါ့။ ကျောင်းဒါရိုက်တာချုပ်ရဲ့ သားဖြစ်တဲ့ ဟျွန်းဂျယ်ကို လူတိုင်းက "သွားပြီး ဂရုစိုက်မနေပါနဲ့"လို့ တားကြပေမဲ့လည်း ဂီအူကတော့ ဟျွန်းဂျယ်ကို လျစ်လျူရှုမထားရက်ခဲ့ပါဘူး။ ဘယ်နေရာမှာမှ ဝင်ဆံ့ခြင်းမရှိဘဲ ရှင်သန်လာခဲ့ရတဲ့ ဟျွန်းဂျယ်အတွက်တော့ ဂျီအူပေးတဲ့ မေတ္တာတရားတွေက အလင်းရောင်တစ်ခုလိုပဲပေါ့။ ဂီအူရဲ့ အာရုံစိုက်မှုကို ဆက်ပြီး ရနေဖို့အတွက် ဟျွန်းဂျယ်က ဒဏ်ရာတွေ တမင်ရအောင်လုပ်ပြီး ဂီအူ့ထံ ချဉ်းကပ်ပါတော့တယ်။ အဲဒီလိုနဲ့ ဂီအူ့ရဲ့ ဖုန်းထဲမှာ မြင်လိုက်ရတဲ့ "Random Chat" ဆိုတဲ့ အမည်မဲ့ ချက်တင်အက်ပလီကေးရှင်းလေးတစ်ခု...။ ဟျွန်းဂျယ်လည်း ဒီအခွင့်အရေးကို အသုံးချပြီး ဂီအူနဲ့ ချက်တင်စထိုင်ဖြစ်တဲ့အခါမှာတော့... အတိတ်က ဒဏ်ရာတွေကို ဖုံးကွယ်ပြီး ရှင်သန်နေရတဲ့ ကျောင်းဆရာလေးရဲ့ နှလုံးသားကို...ဇွတ်တိုးဝင်လာတဲ့ ကျောင်းသားလေးက အပိုင်သိမ်းနိုင်သွားမှာလား...။အပတ်စဉ် တင်ဆက်ပေးသွားမှာမို့လို့ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ Episodes: 08 Aired: Sep 30, 2026 - Oct 21, 2026 Aired On: Wednesday Original Network: iQIYI, GagaOOLaLa Genres: Romance, Drama

အပိုင်းများ

4 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း