ဇာတ်ကားများ ရွေးရန်

Decoding You

2026ဇာတ်လမ်းတွဲ

"ဝေခွဲရခက်တဲ့ ကြိုးတစ်မျှင်" ဒေတာခွဲခြမ်းစိတ်ဖြာရေးလုပ်ငန်းကြီးတစ်ခုကို ဦးဆောင်နေတဲ့ "ဂစ်" ဟာ အလုပ်နဲ့မိသားစုတာဝန်တွေကို အမြဲဦးစားပေးပြီး ကိုယ့်ရဲ့ခံစားချက်တွေကို နောက်ကွယ်မှာဖုံးကွယ်ထားသူတစ်ယောက်ပါ ဒါပေမယ့် သူ့ရဲ့အရင်ချစ်သူနဲ့ပတ်သက်တဲ့ အရှုပ်အရှင်းကိစ္စတစ်ခုကြောင့် ဂုဏ်သိက္ခာနဲ့အလုပ်အကိုင်ကို ထိခိုက်လာတဲ့အခါ မိခင်ဖြစ်သူက ပြဿနာကိုဖြေရှင်းဖို့ "နွန်" နဲ့ဟန်ဆောင်လက်ထပ်ခိုင်းခဲ့ပါတယ်။ "နွန်" ကတော့ "ဂစ်" ရဲ့ မွေးစားညီဖြစ်ပြီး နှစ်ပေါင်းများစွာ "ဂစ်"ကို တိတ်တိတ်လေးချစ်နေခဲ့သူပါ... အစမှာတော့ သူတိုရဲ့အိမ်ထောင်ရေးဟာ လူတွေအမြင်မှာသာ အဆင်ပြေသလိုဟန်ပြထားတဲ့ အစီအစဉ်တစ်ခုဖြစ်ခဲ့ပါတယ် ဒါပေမယ့် အတူတူနေထိုင်လာရင်း "နွန်" ဟာ "ဂစ်" ရဲ့အရိပ်အောက်မှာပဲ နေတဲ့သူမဟုတ်တော့ဘဲ ကိုယ့်ဘဝကိုယ် ယုံကြည်မှုရှိရှိ ရပ်တည်လာတဲ့အချိန်မှာပဲ တခြားတစ်ယောက်က "နွန်" ကိုစိတ်ဝင်စားလာတာကို မြင်တွေ့ရတဲ့"ဂစ်" ရဲ့ရင်ထဲမှာ မနာလိုမှုနဲ့ ဆုံးရှုံးရမှာကိုကြောက်တဲ့စိတ်တွေ ပေါ်ပေါက်လာခဲ့ပြီး သူကိုယ်တိုင်တောင် ဝန်မခံချင်ခဲ့တဲ့ ချစ်ခြင်းတွေကို တဖြည်းဖြည်းသိရှိလာခဲ့ပါတယ် ဒါပေမယ့် သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးအမှန်ကို လူတွေသိလာတဲ့အခါ မိသားစုဂုဏ်သိက္ခာနဲ့ လူမှုရေးအရှုပ်အရှင်းတွေက ပိုမိုကြီးမားလာခဲ့ပါတယ် တစ်ဖက်မှာလည်း နှစ်ပေါင်းများစွာတည်ဆောက်လာခဲ့တဲ့ ပြည့်စုံလှပတဲ့ဘဝကို ကာကွယ်ရမယ်၊ တစ်ဖက်မှာတော့ မမျှော်လင့်ဘဲတွေ့ရှိခဲ့တဲ့ အချစ်ကို ဆုံးရှုံးမခံနိုင်တော့တဲ့ "ဂစ်" ဟာ သူ့ဘဝရဲ့အခက်ခဲဆုံးရွေးချယ်မှုကို ရင်ဆိုင်ရတဲ့အချိန်မှာ........ "ဂစ်" တစ်ယောက် သူတည်ဆောက်ထားတဲ့ဘဝကိုပဲ ဆက်ပြီးထိန်းသိမ်းမလား၊ ဒါမှမဟုတ် အရာအားလုံးကိုစွန့်စားပြီး သူတကယ်ချစ်မိသွားတဲ့ "နွန်" ကို ရွေးချယ်မလားဆိုတာကို ဆက်ပြီးကြည့်လိုက်ကြရအောင်လားရှင်....

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း