ဇာတ်ကားများ ရွေးရန်

Beneath the Lies

2026ဇာတ်လမ်းတွဲ

"မုသားနွံ" ရာဝီနဲ့ ဖာကွန်တို့ဟာ သွေးသားတော်စပ်တဲ့ ညီအစ်ကိုတွေမဟုတ်ပေမယ့် ငယ်ငယ်ကတည်းက အတူကြီးပြင်းလာကြပြီး သွေးသားထက်တောင် ပိုနက်ရှိုင်းတဲ့ ညီအစ်ကိုဆက်ဆံရေးရှိကြပါတယ်။ အဲဒီအချိန်မှာ အလီဆာဆိုတဲ့ မိန်းကလေးတစ်ယောက် သူတို့နှစ်ယောက်ရဲ့ဘဝထဲ ဝင်လာတဲ့အခါ အချစ်၊ သစ္စာနဲ့ ညီအစ်ကိုဆက်ဆံရေး တွေဟာ စတင်ရှုပ်ထွေးလာပါတယ်။ နောက်ပိုင်းမှာ ဖာကွန် အပြင်းအထန်နေမကောင်းဖြစ်လာခဲ့ပြီး အဲဒီအချိန်မှာပဲ ရာဝိဟာ သူ့ရဲ့တကယ့်နောက်ခံကို သိရှိသွားခဲ့ပါတယ်။ ရာဝီဟာ တကယ်တော့ ချမ်းသာကြွယ်ဝတဲ့ ထရာဝပ်မိသားစုရဲ့ အမွေဆက်ခံသူ ဖြစ်နေတာဖြစ်ပါတယ်။ ညီဖြစ်သူ ဖာကွန်ရဲ့အသက်ကို ကယ်တင်နိုင်ဖို့အတွက် ရာဝီဟာ သူရသင့်တဲ့ အမွေဆက်ခံသူအခွင့်အရေးကို ဖာကွန်အတွက် စွန့်လွှတ်ပေးလိုက်ပါတယ်။ အဲဒီနောက် ဖာကွန်ဟာ ချမ်းသာတဲ့မိသားစုထဲကို ဝင်ရောက်သွားပြီး သူ့ဘဝက လုံးဝကိုပြောင်းလဲသွားခဲ့ပါတော့တယ်။ ဒါပေမဲ့ ပြဿနာရဲ့အစက အဲဒီကနေစတာပါ။ အရင်က ရိုးသားပြီး ရာဝီကိုချစ်ခင်လေးစားခဲ့တဲ့ ဖာကွန်ဟာ ချမ်းသာမှု၊ အဆင့်အတန်းနဲ့ လောဘ တွေရဲ့ လွှမ်းမိုးမှုကိုခံလာရပြီး ရာဝီဆီက အရာအားလုံးကို လုယူချင်လာပါတယ်။ မိသားစု၊ နာမည်၊ အမွေအနှစ်နဲ့ အလီဆာရဲ့အချစ်အထိပါလုယူချင်လာပါတော့တယ်။ တစ်ဖက်မှာလည်း အလီဆာဟာ အစပိုင်းမှာ ဖာကွန်ကိုပဲ သူမဘဝရဲ့အနာဂတ်လက်တွဲဖော်အဖြစ် ယုံကြည်ထားပေမယ့်၊ သူ့ဘဝကို တစ်ချိန်က ကယ်တင်ပေးခဲ့တဲ့ ရာဝီနဲ့ ပြန်တွေ့တဲ့အခါမှာတော့ သူ့အပေါ် ထားရှိတဲ့ခံစားချက်တွေဟာ ပြောင်းလဲလာခဲ့ပါတယ်။ အလိမ်အညာတစ်ခုကနေ စခဲ့ပြီး လောဘဇောကပ်လာတဲ့နောက်မှာ မုသားအဆင့်ဆင့်ဖြည့်ပြီး နွံထဲ နစ်မှန်းမသိ နစ်လာတဲ့အချိန်မှာ သူတို့ ၃ ယောက်ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းက ဘာဖြစ်လာမလဲဆိုတာကတော့... အဓိကအားဖြင့်တော့ ဒီကားလေးက “ကိုယ်ချစ်တဲ့သူအတွက် အရာအားလုံးစွန့်လွှတ်ပေးလိုက်တဲ့သူတစ်ယောက်က နောက်ဆုံးမှာ ကိုယ်စွန့်လွှတ်ခဲ့တာတွေအားလုံးကို ပြန်လုယူဖို့ကြိုးစားလာတဲ့သူနဲ့ ရင်ဆိုင်ရတဲ့ ဇာတ်လမ်း” မျိုးပါ။ ပြီးတော့ ၃ပွင့်ဆိုင်အချစ် ၊ ညီအစ်ကိုကြားကသစ္စာ ၊ ချမ်းသာမှု/အမွေအနှစ် ၊ လိမ်ညာမှု တွေနဲ့ မိသားစုရဲ့လျှို့ဝှက်ချက်တွေ အားလုံးပေါင်းထားတဲ့ drama ဖြစ်တာမို့လို့ heavy drama တစ်ကားဖြစ်မဲ့ပုံပါ။ မင်းသမီးကိုယ်တိုင်ကအစ မသိတဲ့သူမရှိတဲ့ ဝါရင့်သရုပ်ဆောင် Yaya နဲ့အတူ Gulf Kanawut နဲ့ Kao Noppakao တို့က အဓိကပါဝင်သရုပ်ဆောင်သွားမှာဖြစ်လို့ စောင့်ကြည့်သင့်တဲ့ကားလေးဖြစ်လာမှာပါ။

အပိုင်းများ

9 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း