Dark Legacy
"အမှောင်ဖုံးတဲ့ အမွေ" "အမွေတန်ဖိုးကြီးလေလေ ပေးဆပ်ရမယ့်တန်ဖိုးကလည်း ပိုကြီးလာလေလေ " သူဌေးကြီးတစ်ဦး ကွယ်လွန်သွားပြီးတဲ့နောက်မှာ ကျန်ခဲ့တဲ့ မြောက်မြားစွာသော အမွေအနှစ်တွေကို ခွဲဝေဖို့အတွက် အဆက်အသွယ်ပြတ်နေကြတဲ့ မိသားစုဝင်တွေဟာ သီးခြားရှိနေတဲ့ စံအိမ်ကြီးဆီသို့ ပြန်လည်စုစည်းရောက်ရှိလာကြပါတယ်။ ဒါပေမဲ့ ဒီအမွေဟာ ပိုင်ဆိုင်ခွင့်ရလိုက်ရုံနဲ့ အလွယ်တကူရမယ့်အရာမဟုတ်ခဲ့ပါဘူး အမွေကို ရယူနိုင်ဖို့ လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့ အိမ်ကြီးထဲမှာ သတ်မှတ်ထားတဲ့အချိန်အထိ နေထိုင်ရမယ့် စည်းကမ်း ရှိနေပါတယ် အမွေရရှိဖို့အတွက် ဖုန်းလိုင်းမမိ လူသူအရောက်နည်းတဲ့ စံအိမ်ကြီးထဲမှာ တစ်လကြာ ပိတ်လှောင်နေထိုင်ရမယ်ဆိုတဲ့ စည်းကမ်းချက်ပဲ ဖြစ်ပါတယ် အမွေကို လိုချင်တက်မက်မှု၊ မနာလိုဝန်တိုမှုတွေအပြင် မကြာခင်မှာပဲ စံအိမ်ကြီးထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ လူသတ်သမားတစ်ဦးက မိသားစုဝင်တွေကို တစ်ယောက်ပြီးတစ်ယောက် ရက်စက်စွာ သတ်ဖြတ်ရှင်းလင်းလာတဲ့အခါမှာတော့...... အဖိုးတန်တဲ့ မဟာအမွေအနှစ်နောက်ကွယ်က ပေးဆပ်ရမယ့် တန်ဖိုးက ဘာလဲ..... အမွေကို အရယူဖို့လာခဲ့ကြတဲ့သူတွေထဲက ဘယ်သူက အမှန်တရားကို ဖော်ထုတ်နိုင်မလဲ..... ဒီအမွေရဲ့ တကယ့်တန်ဖိုးက ငွေကြေးပဲလား၊ ဒါမှမဟုတ် လူတစ်ယောက်ရဲ့အသက်လား.......... ဘယ်သူတွေကရော ဒီအမှောင်မိုက်ဆုံး အမွေအနှစ်ကို ပိုင်ဆိုင်ပြီး အသက်ရှင်လျက် ထွက်ခွာသွားနိုင်မလဲ.......... စံအိမ်ကြီးရဲ့ အမှောင်မိုက်ဆုံး လျှို့ဝှက်ချက်နံရံတွေကို ထိုးဖောက်ပြီး အသက်ရှင်ကျန်ရစ်မယ့်သူက ဘယ်သူဖြစ်မလဲဆိုတာကို အပတ်စဉ် ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့ညတွေမှာ စောင့်မျှော်ကြည့်ရှုရင်း ပဟေဠိကို အတူတူဖော်ထုတ်ကြည့်လိုက်ရအောင်
အပိုင်းများ
8 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း