ဇာတ်ကားများ ရွေးရန်

Fool in Love

2026ဇာတ်လမ်းတွဲ

"အချစ်လွန်ဆွဲပွဲ" "ချစ်ခြင်းနဲ့ မုန်းတီးမှုကြားက လွန်ဆွဲပွဲတစ်ခုမှာ... ဘယ်သူက ပိုပြီး အရူးအမူး ဖြစ်သွားမလဲ..." ထိုင်း Drama စီးရီး အကြမ်းစားလေးတွေ မျှော်နေတဲ့ ပရိသတ်ကြီးအတွက် ဇာတ်လမ်းမိတ်ဆက်ကတည်းက အားပေးမှုတွေ တခဲနက်ရရှိထားတဲ့ 18+ Restricted (violence & profanity) ရေချိန်ခပ်မြင့်မြင့် "Fool in Love (2026)" ဆိုတဲ့ဇာတ်လမ်းတွဲသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ စာရေးဆရာ Shui Qian Cheng ရဲ့ နာမည်ကြီး Web Novel "My Beloved Fool" ကို အသက်သွင်းထားတာဖြစ်ပြီး ဒီစီးရီးမှာတော့ ပရိသတ်တွေရဲ့အချစ်တော် မင်းသားချောတွေဖြစ်တဲ့ Bank နဲ့ Copter တို့က အဓိက ခေါင်းဆောင်ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ငွေကြေး၊ အာဏာ၊ နာမည်ဂုဏ်သတင်းတွေနဲ့ အရင်းအမြစ်တွေ ရှုပ်ထွေးယှက်နွယ်နေတဲ့ ဘန်ကောက်မြို့ကြီးကို အခြေတည်ထားပါတယ်။ ကျန်းမိသားစုရဲ့ သားအကြီးဆုံးဖြစ်တဲ့ အင်ဟာ ရုပ်ရည်ချောမောပြီး စီးပွားရေးမှာ ထက်မြက်လွန်းတဲ့ ပါရမီရှင်တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ရဲ့ မာနကြီးပြီး ထင်ရာစိုင်းတတ်တဲ့ စရိုက်နဲ့ အောင်မြင်မှုတွေက သူ့ရဲ့ ဖအေတူမအေကွဲ ညီဖြစ်သူအတွက်တော့ ရူးမတတ် မနာလိုဖြစ်စရာတွေ ဖြစ်နေခဲ့ပါတယ်။ တစ်ဖက်မှာတော့ လီမိသားစုရဲ့ ဒုတိယသားဖြစ်တဲ့ ယော့က အပြင်ပန်းမှာ နူးညံ့ပြီး ဉာဏ်ကောင်းပေမဲ့ တကယ်တမ်းမှာတော့ မိသားစုရဲ့ ဖိအားတွေအောက်မှာ ပိတ်လှောင်နေရတဲ့ အရန်ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဟောင်း တစ်ယောက်ပါ။ လုံးဝမတူညီတဲ့ ကမ္ဘာနှစ်ခုက အင်နဲ့ ယော့တို့ မထင်မှတ်ဘဲ ဆုံတွေ့သွားကြတဲ့အခါမှာတော့... ယော့ရဲ့ ဖိနှိပ်ထားတဲ့ စိတ်ရိုင်းတွေ တိတ်တဆိတ် နိုးထလာပါတော့တယ်။ သူတို့နှစ်ယောက်ကြားက ချစ်ခြင်းမေတ္တာနဲ့ မုန်းတီးမှုတွေ ရောယှက်နေတဲ့ အခြေအနေတွေက ဘယ်လို အချိုးအကွေ့တွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ရင်ခုန်စွာ ရှုစားရမှာပါ။ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ မိမိမိုက်မိုက် ကြမ်းကြမ်းရမ်းရမ်းလေးမှ ခိုက်တာဆိုတဲ့သူတွေအတွက်တော့ အတော်ကိုရင်ခုန်စရာဇာတ်ကားဖြစ်လာမှာပါ။

အပိုင်းများ

10 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း