Doctor-X: Surgeon Michiko Daimon (S01 to S05)
Doctor-X: Surgeon Michiko Daimon (2012) Season (1) - အပိုင်း ( ၁ မှ ၈ ) စ/ဆုံး Season (2) - အပိုင်း ( ၁ မှ ၉ ) စ/ဆုံး Season (3) - အပိုင်း ( ၁ မှ ၁၁ ) စ/ဆုံး Season (4) - အပိုင်း ( ၁ မှ ၁၁ ) စ/ဆုံး Season (5) - အပိုင်း ( ၁ မှ ၁၀ ) စ/ဆုံး လတ်တလော ရေပန်းစားနေတဲ့ Doctor-X kdrama စီးရီးရဲ့ မူရင်းဗားရှင်းကို တခဲနက်တောင်းဆိုနေကြတဲ့ ပရိသတ်ကြီးအတွက် Masterpiece လို့ တင်စားထားရတဲ့ ဆူရှီမြေက Doctor-X Medical Drama စီးရီးတွဲကြီးထဲကမှ Season (1) ကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းလေးကတော့ "ဆရာဝန်လိုင်စင်မလိုတဲ့ ဘာအလုပ်မှ မလုပ်နိုင်ပါဘူး" ဆိုတဲ့ စကားကို အမြဲပါးစပ်ဖျားမှာ တပ်ထားပြီး ကိုယ်မှန်ရင် ဆေးရုံအုပ်ကြီးတွေ၊ ပါမောက္ခတွေကိုတောင် ဂရုမစိုက်တတ်တဲ့ ဆတ်ဆတ်ကြဲအမျိုးသမီးခွဲစိတ်အထူးကု ဒါအိမို မီချီကို တစ်ဖြစ်လဲ ဒေါက်တာ X အကြောင်းဖြစ်ပါတယ်... ဒါအိမို မီချီကိုဆိုတာ ခွဲစိတ်ဖို့ သက်သက်အတွက်ပဲ မွေးဖွားလာတဲ့ အလွတ်တန်းဆရာဝန်မလေးတစ်ယောက်၊ ဆေးရုံတစ်ရုံကနေ တစ်ရုံကို လှည့်လည်သွားလာနေတဲ့ Freelance ဆရာဝန်တစ်ယောက်ဖြစ်ပြီး ခွဲစိတ်ပညာကို အရိုးထဲအထိစိမ့်အောင်ချစ်မြတ်နိုး ဝါသနာပါတဲ့ဆရာဝန် .. ဆေးရုံတွေဆိုတာက လူနာကိုကယ်တင်ဖို့ထက် ရာထူးအာဏာပြိုင်ဆိုင်မှုတွေ၊ ဂိုဏ်းဂဏစွဲတွေနဲ့ နိုင်ငံရေးပရိယာယ်တွေ ကြွယ်ဝတဲ့နေရာကြီးဖြစ်နေချိန် .. အကျင့်ပျက်ခြစားပြီး လုပ်ငန်းခွင်ကြမ်းတမ်းတဲ့ တက္ကသိုလ်ဆေးရုံကြီးလို နေရာမျိုးဆီကို မိချီကိုတစ်ယောက် ရောက်လာတဲ့အခါ... တခြားဆရာဝန်တွေက ရာထူးတက်ဖို အထက်ဖားအောက်ဖိကြ၊ အမှားတွေကို ဖုံးကွယ်ကြနဲ့ အာလူးဖုတ်နေချိန်မှာ မိချီကိုကတော့ aura အပြည့် swag အပြည့်နဲ့ ဟန်ပဲရှိတဲ့ ဆရာဝန်လောကရဲ့ဘိုးတော်တွေကို ဘယ်လိုပညာပေးသွားမလဲဆိုတာကို Season (7) ခုစာ တဝကြီး ရှုစားရမှာပါ။ ဂျပန်ရဲ့ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသမီးကြီး Ryoko Yonekura, Yuki Uchida နဲ့ Kei Tanaka စတဲ့ ထိတ်ထိတ်ကြဲတွေ ပါဝင်အားဖြည့်ထားလို သရုပ်ဆောင်ပိုင်းကတော့ ပြောစရာမလိုအောင်ကို ရှယ်မိုက်တာပါ။ ရာထူးအာဏာကို မက်မောတဲ့ ဆရာဝန်တွေကြားမှာ မိချီကိုတစ်ယောက် ကျရှုံးမှုဆိုတာ မရှိတဲ့ သူ့ရဲ့ ခွဲစိတ်မှတ်တမ်းနဲ့ "ကျွန်မ မကျရှုံးဖူးဘူး"ဆိုတဲ့ ဆောင်ပုဒ်စကားအတိုင်း လူနာတွေကို ဘယ်လိုအကြိတ်အနယ် ကယ်တင်သွားမလဲ... ဆေးရုံအုပ်ကြီးတွေရဲ့ အကောက်ကြံမှုတွေကိုရော ဘယ်လို အပိုင်ဖြုတ်မလဲဆိုတာကို ရင်ခုန်စွာနဲ့ ကြည့်ရှုရမှာမို့လို Medical Drama ကြိုက်တဲ့သူတွေ လုံးဝ (လုံးဝ) လက်မလွှတ်သင့်တဲ့ စီးရီးကောင်းတစ်ခုဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေ။ Episodes: 08 Aired: Oct 18, 2012 - Dec 13, 2012 Aired On: Thursday Original Network: TV Asahi, Netflix Genres: Comedy, Drama, Medical
အပိုင်းများ
49 အပိုင်း၊ season 5 seasonဇာတ်လမ်းအကြောင်း