ဇာတ်ကားများ ရွေးရန်

Teach Me, Touch Me

2026ဇာတ်လမ်းတွဲ

"အချစ်ရဲ့ ပထမဆုံးသင်ခန်းစာ" ချစ်သူရဲ့ “အချစ်ရေးမှာ စိတ်လှုပ်ရှားမှုမရှိဘူး” ဆိုတဲ့ ဝေဖန်မှုကြောင့် လမ်းခွဲခံလိုက်ရတဲ့ "ဂီယာ" ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ဆွဲဆောင်မှုရှိတဲ့လူတစ်ယောက်အဖြစ် ပြောင်းလဲဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီလိုနဲ့ အချစ်ရေးအတွေ့အကြုံကြွယ်ဝပြီး ဆွဲဆောင်မှုရှိတဲ့ အဆင့်မြင့်ကားလုပ်ငန်းရှင် "ကန်ထီ" ဆီကနေ အချစ်နဲ့ရင်းနှီးမှုအကြောင်း သင်ယူဖို့ ကြိုးစားခဲ့ပါတယ်။ "ဂီယာ" အတွက်တော့ ဒါဟာ ကိုယ့်အားနည်းချက်တွေကို ပြုပြင်ပြီး အချစ်ရေးမှာ လူသစ်တစ်ယောက်ဖြစ်လာဖို့ စတင်လိုက်တဲ့ ခရီးစဉ်တစ်ခုပါပဲ။ အစပိုင်းမှာ ဆရာနဲ့တပည့်လို ဆက်ဆံရေးမျိုးသာရှိခဲ့ကြပေမယ့် အချိန်ကြာလာတာနဲ့အမျှ သူတိုနှစ်ယောက်ကြားက နီးကပ်မှုတွေဟာ သင်ခန်းစာတစ်ခုထက် ပိုမိုနက်ရှိုင်းလာခဲ့ပါတယ်။ အချစ်ရေးမှာ အတွေ့အကြုံနည်းပြီး နူးညံ့ရိုးသားတဲ့ "ဂီယာ" ရဲ့ အတွင်းစိတ်ကို "ကန်ထီ"က တဖြည်းဖြည်းသိရှိလာသလို၊ အမြဲတမ်းပျော်ပျော်နေတတ်ပြီး အချစ်ကို ပေါ့ပေါ့တန်တန်သဘောထားတတ်တဲ့ "ကန်ထီ" ရဲ့အပြင်ပန်းအောက်မှာ ဖုံးကွယ်ထားတဲ့ စစ်မှန်တဲ့နှလုံးသားကိုလည်း "ဂီယာ" က မြင်တွေ့လာခဲ့ပါတယ်။ တစ်ယောက်ကိုတစ်ယောက် သင်ပေးရင်းနဲ့ ကိုယ်တိုင်မသိလိုက်ခင်မှာပဲ သူတို့နှစ်ယောက်ဟာ သာမန်ဆရာနဲ့တပည့်ဆက်ဆံရေးထက် ကျော်လွန်သွားခဲ့ကြပါတယ်။ဒါပေမယ့် သင်ခန်းစာတွေအဖြစ် စတင်ခဲ့တဲ့ ဒီဆက်ဆံရေးမှာ ဘယ်အချိန်ကစပြီး ခံစားချက်တွေပါဝင်လာခဲ့သလဲဆိုတာ သူတို့ကိုယ်တိုင်တောင် ခွဲခြားဖို့ခက်ခဲလာခဲ့ပါတယ်။ "ဂီယာ" ဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာဖို့အတွက် "ကန်ထီ"ဆီကို ရောက်လာခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူ့နှလုံးသားကိုပါ ပေးအပ်မိသွားခဲ့ပါတယ်။ အချစ်ရေးမှာ ကျွမ်းကျင်သူလို့ ထင်မှတ်ထားရတဲ့ "ကန်ထီ"ကရော "ဂီယာ" ရဲ့ရှေ့မှာ အရင်ဆုံးအရှုံးပေးပြီး ချစ်မိသွားမလား... အချစ်ကို သင်ယူဖို့လာခဲ့သူတစ်ယောက်နဲ့ အချစ်အကြောင်း သင်ပေးရင်း ကိုယ်တိုင်ပြန်လည်သင်ယူခဲ့ရသူတစ်ယောက်တို့ရဲ့ ဇာတ်လမ်းမှာဘယ်သူကအရင်ဆုံးချစ်မိသွားမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ကြည့်ကြလိုက်ရအောင်.........

အပိုင်းများ

4 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း