ဇာတ်ကားများ ရွေးရန်

Hell Home

2026ဇာတ်လမ်းတွဲ

"ငရဲတွင်းစံအိမ်" မိသားစုအပေါ်ထားရှိတဲ့ အမြင်ချင်းမတူညီမှုများကြောင့် ထိန်းချုပ်ခြယ်လှယ်တတ်သော ယောက္ခမဖြစ်သူနှင့် အဆင်မပြေဖြစ်နေတဲ့ တူလယာဟာ ခင်ပွန်းနှင့် သားလေးအတွက် အရာအားလုံးကို သည်းခံခဲ့ရသူပေါ့ ဒါပေမယ့်လည်း ခင်ပွန်းဖြစ်သူရဲ့ ဖောက်ပြန်မှုကို သိရှိလိုက်ရချိန်တွင်တော့ ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ် ကံကြမ္မာက သူမကို မထင်မှတ်ထားတဲ့ အခြေအနေတစ်ခုဆီ တွန်းပို့ခဲ့သလိုပါပဲ ခင်ပွန်းရဲ့ အငယ်အနှောင်း အသတ်ခံရမှုမှ ယောက္ခမဖြစ်သူက လူသတ်မှုသံသယနဲ့ စွပ်စွဲခံရပြီး တူလယာက သူမကို တရားရုံးမှ ခုခံကာကွယ်ပေးရမည့် အခြေအနေကို ရောက်ရှိလာပါတော့တယ် လျှို့ဝှက်ဆန်းကြယ်တဲ့ လူသေမှုနဲ့အတူ ခင်ပွန်းဖြစ်သူရဲ့ အတိတ်က အရှက်ရဖွယ်လျှို့ဝှက်ချက်များ တစ်စတစ်စ ပေါ်ထွက်လာချိန်မှာတော့...... လက်စားချေလိုသူတစ်ဦးရဲ့ ပစ်မှတ်ဟာ သူမရဲ့သားလေးအထိ ရောက်ရှိလာချိန်...... သားဖြစ်သူရဲ့ အသက်အန္တရာယ်ကို ကာကွယ်ရင်းနဲ့ပဲ လူသတ်မှုနောက်ကွယ်မှ အမှန်တရားကို တူလယာတစ်ယောက် ဘယ်လိုဖော်ထုတ်သွားမလဲဆိုတာ စောင့်ကြည့်ရအောင်ပါ

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း