Dream
"တစ်ချိန်က ဂုဏ်ယူစရာဖြစ်ခဲ့တဲ့ နေရာတစ်ခုဟာ နှစ်ပေါင်းများစွာကြာတဲ့အခါမှာတော့ သွေးစွန်းနေတဲ့ ဆက်တိုက်လူသတ်မှုတွေရဲ့ ဇာတ်ခုံဖြစ်လာခဲ့မယ်ဆိုရင်..." ဒီတစ်ခါမှာတော့ ဆောင်းရာသီရဲ့ အေးစက်တဲ့အငွေ့အသက်တွေနဲ့အတူ သည်းထိတ်ရင်ဖို မှုခင်းဇာတ်ကားကောင်း ကြိုက်နှစ်သက်သူတွေအတွက် ဒီနေ့မှာ Tencent Video ကနေ အသစ်စက်စက် စတင်ထွက်ရှိလာတဲ့ တရုတ်စီးရီးသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးကိုတော့ နာမည်ကြီး ဒါရိုက်တာ Yang Yang က ရိုက်ကူးထားပြီး၊ ပရိသတ်အချစ်တော် မင်းသမီးချော Liu Shi Shi နဲ့ လူငယ်မင်းသား Hu Xian Xuတို့က အဓိကပါဝင်ထားသလို မင်းသမီး Li Qin ကလည်း အထူးဧည့်သည်သရုပ်ဆောင်အနေနဲ့ အားဖြည့်ပါဝင်ထားပါတယ်။ အပိုင်း (၁၆) ပိုင်းတည်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်မာမာ ရိုက်ကူးထားတဲ့ ကားကောင်းလေးပါ။ ဇာတ်လမ်းအညွှန်း >>> လွန်ခဲ့တဲ့ ၁၆ နှစ်၊ ၁၉၉၉ ခုနှစ်ရဲ့ ဆီးနှင်းတွေကျနေတဲ့ ညတစ်ည Songjiangဘီယာစက်ရုံဟောင်းကြီးမှာ 'လျိုရွှယ်မေဆိုတဲ့ အလုပ်သမား ကောင်မလေးတစ်ယောက် ထူးဆန်းစွာ သေဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအမှုဟာ အကြောင်းအမျိုးမျိုးကြောင့် ဖုံးကွယ်ခံလိုက်ရပြီး အချိန်တွေနဲ့အတူ တဖြည်းဖြည်း မေ့ပျောက်ခြင်း ခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက သတင်းထောက်မလေး 'ရှန်လဲ့ရွှေ' ဟာ သူမရဲ့ ကင်မရာလေးနဲ့ စက်ရုံက အလုပ်သမားတွေရဲ့ ဘဝကို မှတ်တမ်းတင် ရိုက်ကူးနေခဲ့တာပါ။ နှစ်ပေါင်းများစွာ ကြာသွားတဲ့အခါ... တစ်ချိန်က မြို့ရဲ့ ဂုဏ်ယူစရာဖြစ်ခဲ့တဲ့ ဘီယာစက်ရုံကြီးဟာ စွန့်ပစ်ခံရပြီး ခြောက်ခြားဖွယ်ရာ နေရာကြီးတစ်ခု ဖြစ်လာပါတယ်။ ပိုဆိုးတာက အဲဒီစက်ရုံဟောင်းကြီးကို ဗဟိုပြုပြီး ရက်စက်တဲ့ ကွင်းဆက်လူသတ်မှုတွေ ထပ်မံပေါ်ပေါက်လာပါတော့တယ်။ တကယ်တော့ ဒီလူသတ်မှုတွေဟာ လွန်ခဲ့တဲ့ ၁၆ နှစ်က 'လျိုရွှယ်မေ' ရဲ့ သေဆုံးမှု နောက်ကွယ်က လောဘ၊ ရမ္မက်တွေနဲ့ သွေးစွန်းနေတဲ့ ကလဲ့စားချေမှုကြီးတစ်ခု စတင်လာတာပါပဲ။ ဒီအခါမှာတော့ သတင်းထောက် 'ရှန်လဲ့ရွှေ' ဟာ သူမရဲ့ ကင်မရာကို ပြန်ကိုင်ပြီး အမှောင်ထုထဲက လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ စက်ရုံဟောင်းကြီးဆီ ပြန်လည်ရောက်ရှိလာပါတယ်။ သူမနဲ့အတူ လူငယ်လေး ကောင်းရွှယ်လင်တို့ ပူးပေါင်းပြီး အတိတ်က ပိတ်လှောင်နေတဲ့ အမှန်တရားတွေနဲ့ လက်ရှိ ဆက်တိုက်လူသတ်မှုတွေရဲ့ ကြိုးကိုင်သူကို ဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားလေးဟာ လျှို့ဝှက်ချက်တွေ၊ အလှည့်အပြောင်းတွေ အပြည့်အဝပါဝင်ပြီး၊ အချိန်ကာလ နှစ်ခုကို ချိတ်ဆက်ကာ လူ့သဘာဝရဲ့ အမှောင်ဘက်ခြမ်းကို ဖော်ထုတ်ပြသသွားမဲ့Mystery & Crime Series ကောင်းလေးတစ်ခုဖြစ်လို့ မှုခင်းကားကြိုက်သူတွေ လုံးဝလက်မလွှတ်သင့်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်နော်။ Total Episodes : 16 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )
အပိုင်းများ
18 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း