ဇာတ်ကားများ ရွေးရန်

LOST10

2026ဇာတ်လမ်းတွဲအမှတ် 8.9/10

LOST10 (2026) အပိုင်းသစ် (2) "တောင်တက်တယ် ထိပ်ဆုံးကို ရောက်ဖို့ ကြိုးစားကြတယ်... ဒါပေမဲ့ တချို့အတွက်တော့ တောင်တက်ခရီးဆိုတာ ကိုယ့်ရဲ့ အမှောင်မိုက်ဆုံး လျှို့ဝှက်ချက်တွေကို မြှုပ်နှံဖို့ လမ်းစဖြစ်နေတဲ့အခါ..." Suspense Drama အငွေ့အသက်တွေနဲ့ လူ့စိတ်ရဲ့ အမှောင်ခြမ်းကို ထွင်းဖောက်ပြမယ့် ဂျပန်ဇာတ်ကားသစ်လေးကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ အဓိကဇာတ်ဆောင်တွေအနေနဲ့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Nevertheless, LDK ထဲက မင်းသား Yokohama Ryusei နဲ့ Kingdom, Frontline ထဲက မင်းသား Oguri Shun တို့က ပါဝင်ထားပါတယ် ဇာတ်လမ်းကတော့ အေးစိမ့်ပြီး နှင်းတွေဖုံးလွှမ်းနေတဲ့ ဟော့ကိုင်းဒိုး ဒေသမှာ အခြေတည်ထားတာပါ။ အရာအားလုံးက "ရှီကာဘာဒါကဲ" တောင်ပေါ်မှာ လမ်းပြနဲ့သွားရတဲ့ တောင်တက်ခရီးစဉ်တစ်ခုအတွင်း ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကြီးကနေ စတင်ပါတယ်။ ရိုးရိုးတောင်တက်ရင်း ဖြစ်တဲ့ မတော်တဆမှုကြီးလို့ ထင်ရပေမဲ့ သန်း ၂၀ ဆိုတဲ့ ငွေပမာဏတစ်ခုဟာ လူတိုင်းရင်ထဲမှာ သံသယသံမှိုတစ်ခု စိုက်ပေးလိုက်သလိုဖြစ်သွားပါတယ်။ ဘာလို့လဲဆိုတော့ ဒီတောင်တက်သမားတစ်ဖွဲ့လုံး ယန်း ၅ သန်းတန်ကြေးရှိ အာမခံထားထားကြပြီး အာမခံရဲ့ အကျိုးခံစားခွင့်ရှိသူက တစ်ယောက်တည်းဖြစ်နေလို့ပါ။ အဲဒီဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ပါဝင်ပတ်သက်နေတဲ့သူတွေရဲ့ ဖုံးကွယ်ထားတဲ့ ရည်ရွယ်ချက်တွေ၊ သူတို့ယုံကြည်ထားတဲ့ တရားမျှတမှုတွေနဲ့ မကောင်းဆိုးဝါး စိတ်သန္တာန်တွေက တဖြည်းဖြည်း ပေါ်ထွက်လာပါတော့တယ်။ လူသားတွေရဲ့ ရှုပ်ထွေးလှတဲ့ စိတ်ခံစားချက်တွေ ဘယ်လို ရစ်ပတ်နှောင်ဖွဲ့နေလဲဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမယ့် Human Suspense Drama အမျိုးအစားပဲ ဖြစ်ပါတယ်။ နှင်းတောင်ပေါ်က အေးစက်စက် လျှို့ဝှက်ချက်တွေအောက်မှာ ဘယ်သူက တရားခံလဲ... ဘယ်သူက ဟန်ဆောင်နေတာလဲဆိုတာကို Twists တွေနဲ့ ကြိတ်ကြိတ်နယ်နယ် ရှုစားရမှာမို့ Mystery/Suspense သဘောကျတဲ့သူတွေ လုံးဝ လက်မလွှတ်သင့်တဲ့ ကားကောင်းလေးပါပဲ။ Aired: Oct 16, 2026 - ? Aired On: Friday Genres: Thriller, Mystery, Crime, Drama Episodes: 10 Original Network: TBS

အပိုင်းများ

3 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း