ဇာတ်ကားများ ရွေးရန်

Extraordinary Attorney Minami

2026ဇာတ်လမ်းတွဲအမှတ် 8.9/10

Extraordinary Attorney Minami (2026) အပိုင်းသစ် (၃) ကမ္ဘာတဝှမ်းမှာ ဝက်ဝက်ကွဲ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ တောင်ကိုရီးယားရဲ့ နာမည်ကြီး စီးရီး Extraordinary Attorney Woo စီးရီးကို Fuji TV နဲ့ Netflix တို့က ပူးပေါင်းပြီး Japanese Adaptation Remake အဖြစ် ပြန်လည်အသက်သွင်းပေးလိုက်တဲ့ စီးရီးလေးကို တင်ဆက်ပေးလိုက်ပါပြီ။ အဓိက မင်းသမီးနေရာမှာတော့ ဂျပန်နိုင်ငံရဲ့ ကလေးသရုပ်ဆောင်ဘဝကတည်းက သရုပ်ဆောင်ကောင်းလွန်းလို့ "Child Prodigy" လို့တင်စားခေါ်ဆိုခဲ့တဲ့ ထိပ်တန်းမင်းသမီး Mana Ashida နဲ့အတူ အပြုံးချိုချို မင်းသားလေး Takahashi Fumiya တို့က အဓိက ပါဝင်ထားပါတယ် ။ မီနာမီဒါ မီနာမီဟာ ပါရမီပါလွန်းတဲ့ မှတ်ဉာဏ်စွမ်းအားတွေနဲ့ ဥပဒေပုဒ်မတွေကို အလွတ်ရနေတဲ့ ဉာဏ်ကြီးရှင်ရှေ့နေမလေးဖြစ်နေပေမဲ့ (ASD) အော်တဇင်ရောဂါကြောင့် ဘယ်ဥပဒေအကျိုးဆောင် ကုမ္ပဏီကမှ အလုပ်မခန့်ခဲ့ပါဘူး။ ဒါပေမဲ့ ထူးခြားတဲ့ အကြောင်းအရင်းတစ်ခုကြောင့် ထိပ်တန်းဥပဒေရုံးကြီး Hirokawa & Howard Law Firm မှာ အလုပ်သင်ရှေ့နေအဖြစ် ဝင်ရောက်ဖို့ ဖြစ်လာခဲ့ပါတယ်။ လူမှုဆက်ဆံရေးမှာ အခက်အခဲရှိပြီး ပတ်ဝန်းကျင်ရဲ့ အမြင်စောင်းမှုတွေကို ရင်ဆိုင်ရပေမဲ့ သာမန်လူတွေ မတွေးတောနိုင်တဲ့ ဆန်းသစ်တဲ့ ရှုထောင့်ကနေ တရားခွင်ထက်က ရှုပ်ထွေးလှတဲ့ အမှုပေါင်းများစွာကို ဘယ်လိုပုံစံနဲ့ ဖော်ထုတ်သွားမလဲ .. ဝေလငါးလေးတွေကို ချစ်မြတ်နိုးတဲ့ ကောင်မလေးတစ်ယောက် အမှုတွေကို ဖြေရှင်းရင်းနဲ့ပဲ သူမ ဘဝမှာ ပထမဦးဆုံး ရင်ခုန်စရာ အချစ်ရေးနဲ့ ဘယ်လိုလေး ကြုံတွေ့ရမလဲဆိုတာ အပတ်စဥ် တနင်္လာနေ့တိုင်း ရှုစားကြည့်ကြပါဦးနော် .. Episodes: 10 Aired: Oct 19, 2026 Aired On: Monday Original Network: Fuji TV, Netflix Genres: Law, Romance, Drama

အပိုင်းများ

3 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း