ဇာတ်ကားများ ရွေးရန်

Small Town Remedy

2026ဇာတ်လမ်းတွဲ

ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ Life Drama အမျိုးအစားကိုမှ Medical Plot နဲ့ချိတ်ဆက်ထားတဲ့စီးရီးသစ်လေးပါ။ ဒီဇာတ်လမ်းလေးက healing ဖြစ်စေပြီး စိတ်ကို နွေးထွေးစေမဲ့ဇာတ်အိမ်မျိုးလေးမို့ ဖြည်းဖြည်းအေးအေးကြိုက်တတ်တဲ့ C drama fan တို့အတွက်တော့ ကြည့်စရာလေးတစ်ခုတိုးလာမှာပါ။ အဓိကဇာတ်‌ဆောင်ကတော့ အားလုံးထဲက နံပါတ်တစ်၊ တစ်ထက်မနည်းဘူး အမြင့်ဆုံးအချစ်ဆိုပြီးတင်စားရလောက်မဲ့ Xiao Zhan ပါ။ Xiao Zhan ရဲ့သရုပ်ဆောင်ချက်ကတော့ တစ်ကွက်ဆိုတစ်ကွက်ထိမိတာမို့ အများကြီးပြောစရာမလိုလှပါဘူးနော်။ ‌ဇာတ်လမ်းအညွှန်း >>> နာမည်ကြီးထိပ်တန်းဆေးရုံကြီးတစ်ခုမှာ အလုပ်လုပ်နေရင်း မထင်မှတ်တဲ့ဖြစ်ရပ်ဆိုးတစ်ခုကြောင့် ရာထူးကနေထွက်လိုက်ရတဲ့ ဆရာဝန် လျိုကျန်းလျန်ဟာ မွေးရပ်ဇာတိမြို့ငယ်လေးဆီကိုပြန်လာခဲ့ပြီး ဒေသခံလူမှုအသိုက်အဝန်း ဆေးရုံငယ်လေးတစ်ခုရဲ့အရေးပေါ်ဌာနမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဆေးရုံငယ်လေးမှာ တစ်ယောက်ပြီးတစ်ယောက်ရောက်လာကြတဲ့ နာမကျန်းဖြစ်နေသူတွေကို ကုသပေးရင်းနဲ့ပဲ သူတို့ရဲ့ခံနိုင်ရည်ရှိမှု၊ သက်စွန့်ဆံဖျားကြိုးစားအားထုတ်မှုနဲ့ လူသားဆန်တဲ့နွေးထွေးမှုတွေက ဆရာဝန်ဖြစ်သူ လျိုကျန်းလျန်ရဲ့ ဒဏ်ရာရနေတဲ့နှလုံးသားလေးကို တစ်ဖန်ပြန်လည်ကုစားပေးခဲ့ပါတယ်။ အဲလိုနဲ့ ရောဂါဝေဒနာခံစားနေရသူတွေနဲ့ ပြုစုစောင့်ရှောက်ပေးသူဆရာဝန်တို့ကြားမှာ အပြန်အလှန် healing ဖြစ်စေပြီး အတူတကွကြီးထွားလာတဲ့ နွေးထွေးလှတဲ့ကုသခြင်းခရီးလမ်းတစ်ခု ဖြစ်တည်လာခဲ့ပါတော့တယ်။ လူနာတွေကိုကုသပေးရင်းနဲ့ ဆရာဝန်ကိုယ်တိုင်ကပါ အတိတ်က ဒဏ်ရာတွေကနေ ပြန်လည် အနာကျက်လာတဲ့ Mutual Healing Concept ဖြစ်လို့ Healing Drama ကြိုက်နှစ်သက်သူတွေအတွက်တော့ ရေငတ်တုန်း ရေတွင်းထဲကျသလိုပါပဲနော်။ Total Episodes : 29 Quality : WEB-DL 1080p, 720p Format : mp4 Genres : Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

29 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 29 အပိုင်း

ဇာတ်လမ်းအကြောင်း