Built in Love
"ဖုန်းရွှေဖန်ဆင်းတဲ့ ချစ်အိမ်ငယ်" "အချစ်အိမ်လေး သာယာဖို့ ဖုန်းရွှေဆရာမလေး ရှိတယ်လေ..." ကဲ... Rom-Com ဇာတ်ကားပေါ့ပေါ့ပါးပါးလေးတွေ၊ GL ဇာတ်လမ်းချစ်သူတွေအတွက် ၂၀၂၆ ထွက် ထိုင်းဒရာမာအသစ်စက်စက်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဆိုးလ်ဆိုတာက စည်းကမ်းကြီးပြီး တိကျသေချာတဲ့ ဗိသုကာပညာရှင်မလေး။ ရှင်းရှင်းကတော့ ယုံကြည်မှုတွေ၊ အယူအဆတွေနဲ့ အလုပ်လုပ်တဲ့ အောင်မြင်တဲ့ နာမည်ကြီး ဖုန်းရွှေဆရာမလေးပေါ့။ တစ်နေ့မှာတော့ ဒီလို ရေနဲ့မီးလို စရိုက်ချင်းလုံးဝမတူ၊ အယူအဆချင်း လုံးဝကွဲလွဲနေတဲ့ သူတို့နှစ်ယောက်ဟာ အိမ်ရှင်တစ်ယောက်ရဲ့ အိမ်ဆောက်ဖို့အတွက် အတူတူ ပူးပေါင်းလုပ်ဆောင်ရဖို့ ဖြစ်လာပါတော့တယ်။ အစပိုင်းမှာတော့ ပညာရှင်နှစ်ယောက်ရဲ့ အားပြိုင်မှု၊ အယူအဆမတူမှုတွေကြောင့် တွေ့တာနဲ့ ကြောင်နဲ့ကြွက်လို အမြဲရန်ဖြစ်နေကြတာပေါ့။ ဗိသုကာပညာနဲ့ ဖုန်းရွှေပညာ ထိပ်တိုက်တွေ့တဲ့ လုပ်ငန်းခွင်ထဲမှာ အလွဲလွဲအချော်ချော်တွေ၊ ရယ်စရာတွေကလည်း အပြည့်ပါပဲ။ ဒါပေမဲ့ ဒီလို ရန်ဖြစ်ရင်း အလုပ်တူတူလုပ်ကြရင်းနဲ့ပဲ... သူတို့နှစ်ယောက်ကြားမှာ အမုန်းတွေကနေ အချစ်အဖြစ် ပြောင်းလဲသွားနိုင်မလား ဆောက်လက်စ အိမ်ကြီးနဲ့အတူ သူတို့နှစ်ယောက်ရဲ့ အချစ်အိမ်လေးကိုရော ဘယ်လို အချိုးကျကျ တည်ဆောက်သွားကြမလဲဆိုတာကို Office Romance / Comedy Vibe လေးနဲ့ ပေါ့ပေါ့ပါးပါး ရှုစားရမယ့် ဇာတ်ကားလေးဖြစ်လို့ စိတ်အပန်းဖြေ ကြည့်ရှုဖို့ အကြံပေးလိုက်ပါရစေ။
အပိုင်းများ
3 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း