ဇာတ်ကားများ ရွေးရန်

My Beautiful Bride

2015ဇာတ်လမ်းတွဲအမှတ် 7.9/10

My Beautiful Bride (2015) အပိုင်း 1 မှ 16 စ/ဆုံး အက်ရှင်၊ မှုခင်းနဲ့ ရိုမန့်စ်ကို တစ်ကားတည်းမှာ ကြည့်ရှုခံစားနိုင်မဲ့ ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဓိက သရုပ်ဆောင်တွေ အနေနဲ့ Teach You a Lesson ထဲက မင်းသား Kim Moo Yul၊ Sweet Home နဲ့ လူသိများကြတဲ့ မင်းသမီး Lee Si Young၊ When Life Gives You Tangerine ထဲက မင်းသား Park Hae Joon၊ Gaus Electronic ထဲက မင်းသမီး Go Sung Hee တို့က အဓိကပါဝင်ထားပြီး တခြားသော လူသိများတဲ့သရုပ်ဆောင်တွေလည်း ပါဝင်အားဖြည့်ထားပါတယ်။ ဘဏ်မန်နေဂျာလည်းဖြစ် မိသားစုနောက်ခံလည်းကောင်းတဲ့ ဂင်ဒိုဟျောင်း(Kim Moo Yul)နဲ့ ယွန်းဂျူယောင်း(Go Sung Hee)တို့က ၂နှစ်ကြာတွဲလာခဲ့ကြတဲ့ ချစ်သူတွေပါ။ ချစ်သူသက်တမ်းကြာလာတာနဲ့ ဂင်ဒိုဟျောင်းဘက်က လက်ထပ်ခွင့် တောင်းခံလာချိန်မှာတော့ ယွန်းဂျူယောင်းက သူ့ရဲ့ လူသိမခံတဲ့ အတိတ်ကို ဂင်ဒိုဟျောင်း သိသွားမှာ စိုးရိမ်လာခဲ့ပါတယ်။ နောက်ဆုံးမှာ လက်ထပ်ခွင့်ကို လက်ခံဖို့ ဆုံးဖြတ်လိုက်ပြီးမှ ယွန်းဂျူယောင်း ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပြီး ချစ်သူကို လိုက်လံရှာဖွေနေတဲ့ ဂင်ဒိုဟျောင်းက ရဲအရာရှိတွေရဲ့ အကူအညီကို မရနိုင်တဲ့အတွက် ကြေးစားလူမိုက်တွေနဲ့ ပတ်သက်မိသွားပြီးတော့ လူမိုက်ဂိုဏ်းခေါင်းဆောင် ဆုန်းဟတ်ဆူကလည်း အချိန်ကိုက်ပဲ သေဆုံးသွားချိန်မှာတော့.... ဆုန်းဟတ်ဆူနဲ့ ယွန်းဂျူယောင်းတို့ကို သတ်တဲ့အမှုနဲ့ သံသယ အဝင်ခံလာရတဲ့ ဂင်ဒိုဟျောင်းက ရဲအရာရှိတွေ အလိုရှိနေတဲ့ကြားထဲကနေ ချစ်သူကို ရှာဖွေနိုင်မလား... ဘယ်လိုရုန်းထွက်ပြီး အ‌ဖြေရှာသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။ Episodes: 16 Aired: Jun 20, 2015 - Aug 9, 2015 Aired On: Saturday, Sunday Original Network: OCN Duration: 60 min Genres: Action, Mystery, Romance, Crime Subtitle: Myanmar Subtitle (Hardsub)

အပိုင်းများ

16 အပိုင်း၊ season 1 season
ပြထားသည် 12 မှ 16 အပိုင်း

ဇာတ်လမ်းအကြောင်း