ဇာတ်ကားများ ရွေးရန်

Love on Hire

2026ဇာတ်လမ်းတွဲ

"ချစ်သူငှားရန် ရှိသည်" Poisonous Love နဲ့ ပရိသတ်တွေရဲ့နှလုံးသားကို ပီယဆေးခတ်သွားကြတဲ့ Gin-Jay အတွဲလေးကတော့ ဒုတိယစီးရီးနဲ့အတူ ပရိသတ်ရှေ့ ပြန်ရောက်လာပြန်ပါပြီ။ ဒီတစ်ခါမှာလည်း ပွဲဖျက်ကြမ်းတဲ့ မမလေး Jayna တစ်ယောက် အမွှေစိန်လုပ်ရင်းနဲ့ပဲ ဇာတ်လမ်းလေးကို အခွီနဲ့စဖွင့်မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ချက်ရဲ့ စနက်ကြောင့် စားပွဲထိုးကောင်မလေး နန်တစ်ယောက် မထင်မှတ်ဘဲ အလုပ်ပြုတ်သွားရာကနေ စတင်ပါတယ်။ အလုပ်ပြုတ်သွားတဲ့ နန်ကလည်း အလျှော့မပေးဘဲ အကြပ်ကိုင်ပြီး ချက်ရဲ့ ကုမ္ပဏီထဲကို ရအောင်ဝင်လာပါတော့တယ်။ ဒီလိုနဲ့ မတည့်အတူနေ ရန်သူနှစ်ယောက် တစ်ရုံးတည်း အတူအလုပ်လုပ်ရတဲ့အခါ နေ့တိုင်းလိုလို အပြန်အလှန် အားပြိုင်ကြ၊ ခွန်းတုံ့ပြန်ကြနဲ့ အခြေအနေတွေက တင်းမာလာပါတယ်။ ဒီလိုနဲ့ တစ်နေ့ ချက်ရဲ့"ဆွဲဆောင်မှုမရှိတဲ့ မိန်းမ" ဆိုတဲ့ စကားတစ်ခွန်းက နန်ရဲ့မာနကို ထိပါးမိတဲ့အခါ.. မာနတရားတွေ၊ လှည့်စားမှုတွေနဲ့ မထင်မှတ်ထားတဲ့ ခံစားချက်တွေကြားမှာ ရန်သူကနေ ချစ်သူအဖြစ်ကို ပြောင်းလဲသွားမလား။ ဘယ်သူက အရင် စတင်အရှုံးပေးသွားမလဲဆိုတာ ရင်တမမနဲ့ ကြည့်ရှုရမယ့် Office Romance ဇာတ်ကားမျိုးလေးပါပဲ။ ဒီတော့ ၃ နဲ့ ၄ လို မျက်နှာချင်းမဆိုင်ရာကနေ ဘယ်ကနေ ဘယ်လိုကြောင့် ၈၈၃၄ ဖြစ်သွားမလဲဆိုတာကတော့ ကျွန်မတို့ချန်နယ်မှာ စောင့်မျှော်ကြည့်ရှုအားပေးကြပါဦး။

အပိုင်းများ

3 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း