ဇာတ်ကားများ ရွေးရန်

The Hidden Shadows

2026ဇာတ်လမ်းတွဲ

"အရိပ်မဲ့အတ္တ" (၂၀၂၆) မတူညီတဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ ဘဝအခြေအနေတွေကြားမှာ ကြီးပြင်းလာခဲ့ကြတဲ့ မုနိင် နဲ့ မုသာ အမြွှာညီမ၂ယောက်ဟာ ကံကြမ္မာကြောင့် အချစ်ရေးနဲ့ လူမှုရေးပြဿနာတွေထဲမှာ ရှုပ်ထွေးစွာ ပါဝင်လာကြပါတယ်။ မုသာဟာ အလုပ်လုပ်ဖို့ ဘန်ကောက်မြို့ကို ရောက်လာပြီးနောက် အိမ်ထောင်ရှိတဲ့ အထက်လူကြီး ကျန်ဖော့ နဲ့ ပတ်သက်မိသွားပါတယ်။ ဒီဆက်ဆံရေးကို သိသွားတဲ့ သူ့ဇနီး နုပ်နဖာကတော့ မုသာကို အရှက်ရစေပြီး သူမရဲ့ဘဝကို ပိုမိုခက်ခဲစေခဲ့ပါတော့တယ်။ အချစ်ကို ယုံကြည်ခဲ့တဲ့ မုသာတစ်ယောက် နောက်ဆုံးမှာ ကြေကွဲဖွယ်အခြေအနေတစ်ခုနဲ့ ရင်ဆိုင်ရပါတယ်။ ညီမဖြစ်သူရဲ့ ဖြစ်ပျက်ခဲ့သမျှကို သိရှိသွားတဲ့ မုနိင်ဟာလည်း အမှန်တရားကို ဖော်ထုတ်ဖို့နဲ့ ညီမလေးအတွက် တရားမျှတမှု ပြန်လည်ရရှိစေဖို့ ဆုံးဖြတ်လိုက်ပြီး ညီမဖြစ်သူရဲ့အမည်နဲ့ အထောက်အထားကို အသုံးပြုပြီး သူမရဲ့နေရာမှာ ဝင်ရောက်နေထိုင်ကာ ညီမကို နာကျင်စေခဲ့သူတွေအပေါ် လက်စားချေဖို့ စတင်ပါတော့တယ်။ ဒီလိုနဲ့ အာဏာရှိသူတွေရဲ့ လျှို့ဝှက်ချက်တွေ၊ အိမ်ထောင်ရေးဖောက်ပြန်မှုတွေ၊ မနာလိုမှုတွေနဲ့ လိမ်ညာမှုတွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပြီး လူအများရဲ့ဘဝနဲ့ ဆက်ဆံရေးတွေပါ ပျက်စီးလာပါတော့တယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်အိမ်ကတော့ ကိုယ်ချစ်ရတဲ့သူအတွက် တရားမျှတမှုကို ပြန်ရှာဖွေခြင်း၊ အချစ်နဲ့ လက်စားချေမှုကြားက ပဋိပက္ခတွေအပြင် လူတစ်ယောက်ရဲ့ အမှောင်ဘက်ခြမ်းကို ဖော်ပြထားတဲ့ ဇာတ်လမ်းမျိုးပါ။ ဒီဇာတ်ကားက အချစ်ဇာတ်လမ်းသက်သက်မဟုတ်ဘဲ မနာလိုမှု၊ သစ္စာဖောက်မှုနဲ့ လက်စားချေမှုတွေကို ပိုပြီးအသားပေးထားတဲ့ ဇာတ်ကားမျိုးပါ။ အကျဥ်း​ချုပ်အနေနဲ့ ပြောပြရရင် အမြွှာညီအစ်မနှစ်ယောက်ရဲ့ ဘဝကို ဘယ်သူက ဖျက်ဆီးခဲ့သလဲ၊ အမှန်တရားပေါ်လာတဲ့အခါ ဘယ်သူတွေ ပေးဆပ်ရမလဲ ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းပဲ ဖြစ်ပါတယ်

အပိုင်းများ

3 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း