Final Table
Final Table (2026) အပိုင်းသစ် (4) အစားအသောက်တွေဆိုတာ တစ်ခါတစ်ရံမှာ မေ့ပျောက်နေခဲ့တဲ့ အမှတ်တရတွေကို ပြန်လည် နှိုးဆွပေးသလို ၊ နေ့စဉ်ဘဝထဲမှာ ငြီးငွေ့နွမ်းနယ်နေတဲ့ စိတ်နှလုံးကိုလည်း နှစ်သိမ့်ပေးနိုင်ကြပါတယ်။ ဒီလို စိတ်ဓာတ်ခွန်အားဖြည့်တင်းရာ ဟင်းတစ်ခွက် ဖြစ်လာဖို့ တတ်နိုင်သမျှ အစွမ်းကုန် ချက်ပြုတ်ပေးကြတဲ့ စားဖိုမှူးတွေရဲ့ ပြင်းထန်ပူလောင်လှတဲ့ ကမ္ဘာကို Survival Show ပုံစံနဲ့ ပေါင်းစပ်ပုံဖော်ထားတဲ့ ဒရမ်မာသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ Main Cast တွေကတော့ Business Proposal ထဲက မင်းသား Ahn Hyo-Seop နဲ့ Buried Hearts ထဲက မင်းသမီး Hong Hwa-Yeon တို့ပဲ ဖြစ်ပါတယ်။ - ဇာတ်လမ်းအကျဉ်း - ဂန်ဟန် (Ahn Hyo-Seop) ဟာဆိုရင်တော့ "Chris K" ဆိုတဲ့ နာမည်နဲ့ ဥရောပ၊ အမေရိက အချက်အပြုတ်နယ်ပယ်တွေမှာ ကျော်စောသတင်းမွှေးနေတဲ့ စားဖိုမှူးလေးပါ။ စားလိုက်ရုံနဲ့ ပါးစပ်ထဲမှာ မီးပန်းတွေ ပေါက်ထွက်သွားတဲ့အလား အရသာတင်မက ဇာတ်လမ်းတစ်ပုဒ်ကိုပါ ခံစားလိုက်ရစေတာကြောင့် လူအများက သူ့ဟင်းလျာတွေကို "ပဥ္စလက်"လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ တစ်ဖက်မှာလည်း ချွဲဆုန်းအီ (Hong Hwa-Yeon) ကတော့ ဖခင်ဖြစ်သူကို ရုတ်တရက် ဆုံးရှုံးလိုက်ရပြီးနောက်မှာ ဖခင်လက်ထက်ကတည်းက တည်ထောင်ခဲ့တဲ့ စားသောက်ဆိုင်လေးပါ ပိတ်သိမ်းရတော့မယ့် အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသူပါ။ အဖေ့ရဲ့ ဂုဏ်သိက္ခာကိုရော ၊ ဆိုင်လေးကိုပါ ပြန်ဆယ်နိုင်ဖို့အတွက် ဆုန်းအီက "The Table: K Chef 2026" ဆိုတဲ့ ဟင်းချက်ပြိုင်ပွဲကြီးမှာ အတူဝင်ပြိုင်ဖို့ ဂန်ဟန်ကို ကမ်းလှမ်းလိုက်ရာမှာတော့... အဆင့်တိုင်း ပေးအပ်လာမယ့် ဆန်းဆန်းပြားပြား မစ်ရှင်တွေ ၊ အကြိတ်အနယ် ပြိုင်ဆိုင်မှုတွေကြားမှာ ဘယ်သူက "ကိုးရီးယားရဲ့ အတော်ဆုံး စားဖိုမှူး"ဆိုတဲ့ ဂုဏ်ပုဒ်ကို ဆွတ်ခူးသွားနိုင်မှာလဲ... ဒီအဖြေကိုတော့ အပတ်စဉ် စနေ ၊ တနင်္ဂနွေနေ့တိုင်း "The Table: K Chef 2026" ဆိုတဲ့ ပြိုင်ပွဲစင်မြင့်ထက်မှာ အတည်ပြု ကြည့်ရှုလိုက်ရအောင်နော်။ Episodes: 12 Airs: Oct 24, 2026 - Nov 29, 2026 Airs On: Saturday, Sunday Original Network: jTBC Duration: 1h 10m Genres: Food, Life, Drama
အပိုင်းများ
4 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း