ဇာတ်ကားများ ရွေးရန်

Dead-End Job

2026ဇာတ်လမ်းတွဲအမှတ် 8.9/104K

Dead-End Job (2026) အပိုင်းသစ် (1 မှ 8) စ/ဆုံး ပုံမှန် လုပ်အားခထက် အဆ ၅၀ ပိုရမယ်.. ဒါပေမဲ့ အသက်နဲ့ရင်းပြီးတော့ လုပ်ရမဲ့ အချိန်ပိုင်းအလုပ်မျိုးဆိုရင်ရော သင် လုပ်မှာလား... Thriller, Survival ဇာတ်လမ်းအမျိုးအစားတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့အတွက် မင်းသား Lee Jae-Wook, မင်းသမီး Go Min-Si, Kim Min-Ha နဲ့ မင်းသားကြီး Lee Hee-Jun တို့ အဓိကပါဝင်ထားပြီး Choi Hyun-Wook, Yoon Kyung-Ho စတဲ့ သရုပ်ဆောင်တွေကလည်း အထူးဧည့်သည်အနေနဲ့ ပါဝင်သွားမှာ ဖြစ်ပါတယ်။ အကြွေးတွေ ပတ်လည်ဝိုင်းပြီး အနာဂတ် ပျောက်နေတဲ့ ဗြောင်ဟျော့ဂျွန်း (Lee Jae-Wook) က ဒီဆင်းရဲဒုက္ခတွင်းထဲကနေ ရုန်းထွက်ဖို့အတွက် အခြေခံ တစ်နာရီလုပ်အားခရဲ့ အဆ ၅၀ ရရှိမဲ့ အချိန်ပိုင်းအလုပ်ကို လက်ခံလိုက်ပါတော့တယ်။ သူ ပထမဆုံး စလုပ်ရတဲ့ အချိန်ပိုင်းအလုပ်ကတော့ ကုန်စုံဆိုင်ထဲမှာ ၈ နာရီကြာ တောင့်ခံနေရမှာဖြစ်ပြီး ဟျော့ဂျွန်းတစ်ယောက် အသက်လု ကြိုးစားပြီးနောက်မှာ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါက အစသက်သက်သာ ရှိပါသေးတယ်။ တကယ်တမ်း ဒီအလုပ်က အောင်မြင်လေလေ လုပ်အားခကလည်း အနည်းဆုံး နှစ်ဆစီ တိုးတိုးသွားမဲ့ ဖွဲ့စည်းပုံစနစ်မျိုး ဖြစ်နေတာပါ။ အဆ ၅၀ » အဆ ၁၀၀ » အဆ ၂၀၀ » အဆ ၄၀၀... မက်လုံးပေးတာ များလေလေ အန္တရာယ်ကလည်း ပိုပို ကြီးမားလာမဲ့ အချိန်ပိုင်းအလုပ်တွေကြားမှာ ဟျော့ဂျွန်းတစ်ယောက် အဆုံးထိ ရှင်ကျန်နိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ကြစို့နော်။ Aired: Oct 30, 2026 Aired On: Friday Genres: Mystery, Horror, Sci-Fi, Fantasy Episodes: 8 Original Network: Netflix

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း