The Chemistry
"အချစ်ရဲ့ သံလိုက်စက်ကွင်း" "လူနှစ်ယောက် အတူရှိနေတဲ့အခါ သာမန်အချိန်လေးတွေတောင် ထူးခြားသွားစေတဲ့ ခံစားချက်မျိုး... ဒါကို Chemistry လို့ခေါ်တာပေါ့" အချစ်ကားခပ်ချိုချိုလေးတွေ မျှော်နေတဲ့ ပရိသတ်ကြီးအတွက် အသစ်စက်စက် ထွက်ရှိလာတဲ့ Drama Series သစ်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ စာရေးဆရာ summer december ရဲ့ နာမည်ကြီး Web Novel "The Chemistry" ကို အသက်သွင်းပြီး ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းအရာကတော့ တစ်ရုံးတည်းအတူ အလုပ်လုပ်တဲ့ လူနှစ်ယောက်ကြားက ဆွဲဆောင်မှု၊ နားလည်မှုနဲ့ ကြည်နူးစရာကောင်းတဲ့ "Chemistry" တွေကို အဓိက ပုံဖော်ထားတာပါ။ အေးအေးလူလူနေတတ်တဲ့ဂျိန်းတစ်ယောက် စစနောက်နောက်နဲ့ ပျော်ပျော်နေတတ်တဲ့ ဂျပ်ဆိုတဲ့ကောင်လေးဘေးမှာထိုင်ပြီး အတူတူအလုပ်လုပ်ရဖိုဖြစ်လာပါတော့တယ်။ စရိုက်က ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူနှစ်ယောက် အတူတူရှိနေတဲ့အခါမှာ ဂျပ်တစ်ယောက် ဖိုးသခွားလေးဂျိန်းကို တစ်နေ့တခြား သံယောဇဉ်ပိုလာရင်းကနေ ခံစားချက်တွေပါ ပိုလာတဲ့အခါ... တစ်ဖက်ကလည်း ရှေ့တိုးချင် တစ်ဖက်ကလည်း ငြင်းခံရမှာကြောက်ရင်း ဗျာများနေတဲ့ဂျပ်နဲ့ ဒါတွေကိုမရိပ်မိတဲ့ အူတူတူလေးဂျိန်းတို့ကြား ဓာတုဗေဒ ဘယ်လောက်ထိ ထိမိမလဲဆိုတာ ရှုစားကြပါဦး။
အပိုင်းများ
1 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း