ဇာတ်ကားများ ရွေးရန်

Lovers & Gangsters

2026ဇာတ်လမ်းတွဲ

"အချစ်ရန်သူ" (၂၀၂၆) "​ဟောင်ဆန်​ဂေါ​ယော့ဒ်"အဖွဲ့​ခေါင်း​ဆောင်ဖြစ်တဲ့ ဆန်ဟာ သူ့နယ်မှာရှိတဲ့အားလုံးက​ကြောက်ရတဲ့လူမိုက်​ဂိုဏ်း​ခေါင်း​ဆောင်တစ်​ယောက်ဖြစ်ပါတယ်။ လူမိုက်လို့ဆို​ပေမဲ့ တကယ်​တော့သူဟာ အများကထင်​နေသလို ဆိုးသွမ်းရမ်းကားတဲ့သူမဟုတ်ဘဲ လူ​ကောင်းတစ်​ယောက်ပါ။ ဖရာနခွန်က​နေ နယ်ဘက်ကိုဆင်းလာပြီး အ​မေကိုရှာ​ဖွေ​နေတဲ့​ကောင်​လေးဖြစ်တဲ့ "ယွန်း"ဟာ အစ်ကိုဖြစ်သူရဲ့စည်းကမ်းတင်းကြပ်မှု​တွေကို မခံနိုင်ဘဲ သူငယ်ချင်းနဲ့​နေဖို့ ထွက်လာခဲ့ပါတယ်။ ကျန်းခလုတ်ဖွန်းအဖွဲ့​ခေါင်း​ဆောင်ဖြစ်တဲ့ "ဇင်း"ဟာ ​​ရွေး​ကောက်ပွဲအတွက်လူ​ရွေးခံဖို့ပြင်ဆင်​နေပြီး လူ​တွေအ​ပေါ်​ကျေးဇူး​ကြွေးတင်ခံရတာ မကြိုက်တဲ့သူဖြစ်ပါတယ်။ ဒါ့အပြင်သူဟာ "ယွန်း"ရဲ့အစ်ကိုလည်းဖြစ်ပါတယ်။ ဖြစ်ချင်​တော့အဖွဲ့နှစ်ခုဟာ ထိပ်တိုက်​တွေ့တာနဲ့ ရန်ဖြစ်ကြပြီး အမြဲစခန်း​ရောက်ကြပါတယ်။ "ယွန်း"ဟာ အစ်ကိုဖြစ်သူ "ကျန်းခလုတ်ဖွန်း"အဖွဲ့လက်​အောက်က လွတ်ချင်လို့ အစ်ကို့ရန်သူဖြစ်တဲ့ "​ဟောင်ဆန် ​​ဂေါ့​ယော့ဒ်" အဖွဲ​ခေါင်း​ဆောင်ထံ ချဥ်းကပ်ခဲ့ပါတယ်။ "ဆန်"က​ရော ရန်သူ​ရဲ့ညီဖြစ်သူကို လက်ခံမလား၊ သူတို့နှစ်​ယောက်ကြားမှာ​ရော ဘာ​တွေဆက်ဖြစ်လာမလဲ၊ ဒါ့အပြင် အဖွဲ့နှစ်ဖွဲ့က​ရော ဘာအ​ကြောင်းတရား​တွေ​ကြောင့် အမြဲရန်ဖြစ်​နေရပြီး ဘာအတွက်​ကြောင့်ရန်ငြိုးဖွဲ့​နေကြလဲဆိုတာကို ကြည့်ရှုရမဲ့ Love Action Romance Series ​လေးပဲဖြစ်ပါတယ်​နော်။

အပိုင်းများ

1 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း