ဇာတ်ကားများ ရွေးရန်

Khemjira Forever

2026ဇာတ်လမ်းတွဲ

"ထာဝရတစ်သက်တာ ခမ်ဂျီရာ" (၂၀၂၆) BL ပရိသတ်တွေ အမောတကော စောင့်မျှော်နေခဲ့ရတဲ့ Khemjira ရဲ့ အဆက် "Khemjira Forever" ပြန်လာပါပြီ။ ရှေ့ကားတုန်းက Horror နဲ့ Romance ကို အချိုးကျကျ ပေါင်းစပ်ပြီး ညဘက်ကြီး စောင်ခြုံထဲကနေ ရင်တမမနဲ့ ကြည့်ခဲ့ရတဲ့ Vibe ကို မှတ်မိကြသေးတယ်မလား။ Khemjira ကို မသိသေးသူတွေအတွက် ပြန်မိတ်ဆက်ရရင်တော့ သားယောကျ်ားလေးဖြစ်ရင် အသက် (၂၀) မပြည့်ခင် သေရမယ်ဆိုတဲ့ အိမ်တော်ကျိန်စာဆိုးကြီးအောက်က ခမ်ဂျီရာလေးရယ်၊ သူ့ကို အောက်လမ်းပညာတွေ၊ ဝိညာဉ်ဆိုးတွေရန်ကနေ အသက်နဲ့ရင်းပြီး ကာကွယ်ပေးခဲ့တဲ့ ဆရာဖရန်တို့ရဲ့ အချစ်ဇာတ်လမ်းကို မြင်တွေ့ခဲ့ရတာပါ။ နတ်ဆရာ နတ်ဆရာဆိုပြီး သည်းသည်းလှုပ်ခဲ့ရတဲ့ Keng ရဲ့ Green Flag Daddy Vibe ကြီးနဲ့ အကာအကွယ်ပေးတတ်လွန်းတဲ့ပုံစံကြောင့် အက်မင်တို့ ပရိသတ်တွေ အသည်းယားခဲ့ရတာ အမှတ်ရစရာပါပဲ။ Khemjira Forever မှာတော့... နာမည်နဲ့လိုက်အောင်ပဲ သာမန်ကာကွယ်ပေးရုံ အဆင့်မဟုတ်တော့ဘဲ "ထာဝရ" ဆိုတဲ့ ကတိကဝတ်တွေနဲ့အတူ သူတို့နှစ်ယောက်ရဲ့ Relationship က ပိုပြီး နက်ရှိုင်းခိုင်မာလာပါတယ်။ ဒါပေမဲ့ အချစ်ကြီးလေ အစမ်းသပ်ခံရလေ ဆိုသလိုပါပဲ။ ကျိန်စာအဟောင်းတွေ အဆုံးသတ်သွားပေမဲ့၊ ရှေ့ကားထက် ပိုကြမ်းတဲ့ နာမ်လောကသားတွေ၊ ပိုမိုက်တဲ့ အောက်လမ်းပညာ အတိုက်အခိုက်တွေက သူတိုချစ်ခြင်းမေတ္တာကို အဆုံးစွန်ထိ စမ်းသပ်ဖို့ ရောက်လာကြပြန်ပါတယ်။ နတ်ဆရာလေးကရော သူ့ရဲ့အချစ်ဆုံး ခမ်ဂျီရာလေးကို ဒီအန္တရာယ်တွေကြားကနေ ဘယ်လို ထပ်ပြီး ထာဝရကာကွယ်သွားမလဲ။ သူတို့နှစ်ယောက်ရဲ့ ထာဝရ ကတိသစ္စာကို ဘယ်လိုဆက်ပြီး ပုံဖော်ကြမလဲဆိုတာ ကိုယ်တိုင်သာ ဇာတ်လမ်းထဲမှာ စီးမျောခံစားကြည့်လိုက်ပါတော့နော်။ မင်းသားနှစ်လက်ဖြစ်တဲ့ Keng Harit နဲ့ Namping Napatsakorn တို့ရဲ့ Chemistry ကတော့ ဒုတိယပိုင်းမှာ ပိုပြီး ရင်ဖိုရသလို ကိုယ့်ကောင်လေးကို ဘယ်သူမှအထိမခံတဲ့ စောင်ကိုက်ချင်စရာအခန်းတွေကလည်း ရှေ့ကားထက် ပိုများလာလို့ အားရပါးရ ကြည့်ရမှာပါ။ Horror BL တွေထဲမှာမှ Storyline ခိုင်ခိုင်မာမာနဲ့ အပီအပြင် ရိုက်ပြထားတဲ့ Masterpiece တစ်ခုမို့ ရှေ့ကားကြည့်ပြီးသားသူတွေရော၊ အခုမှ စကြည့်မယ့်သူတွေပါ ညဘက် မီးလေးပိတ်ပြီးသာ ဖွင့်ကြည့်လိုက်ဖို့ ရဲရဲကြီး Recommend ပေးလိုက်ပါတယ် ခင်ဗျာ။

အပိုင်းများ

1 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း