ဇာတ်ကားများ ရွေးရန်

Bass X Machina

2026ဇာတ်လမ်းတွဲ

Netflix ကနေ အသစ်ထွက်ရှိလာတဲ့ ကောင်းဘွိုင်ခေတ်ကို Mecha စတိုင်နဲ့ ရောစပ်တဲ့ Adult Action Animation စီးရီး ဖြစ်ပါတယ်။ အမေရိကန် တကယ့်သမိုင်းကြောင်းမှာလည်း Bass Reeves ဆိုတဲ့ လူမည်းတစ်ယောက်ဟာ အမေရိကန်ရဲ့ Western ခေတ်ထဲ ပထမဆုံး Deputy တစ်ယောက်ဖြစ်ခဲ့ဖူးပြီး တော်တော်ကို ကြမ်းခဲ့တဲ့ဘဲကြီးတစ်ပွေဖြစ်ပါတယ်။ ဒီစီးရီးထဲမှာတော့ စိတ်ဒဏ်ရာတွေနဲ့ စစ်ပြန်တစ်ယောက်ဖြစ်တဲ့ Bass တစ်ယောက်ဟာ ခန္ဓာကိုယ်ကို သံထည်တွေနဲ့ အစားထိုးပြီး Bounty Hunter တစ်ယောက်အဖြစ် ကျင်လည်ကျက်စားနေပါပြီ။ ကောင်းဘွိုင်ခေတ်ဆိုတော့ သိတဲ့အတိုင်း လူမည်းတွေကို နှိမ်ကြပါတယ်ဆိုနေမှ ဒီဘဲကြီးက လက်တစ်ဖက်က သံလက်ကြီးနဲ့ဆိုတော့ ပိုဆိုးပေါ့လေ ဝေးဝေးရှောင်ကြတာပေါ့။ နောက်ဆုံးအလုပ်လေးလုပ်ပြီး နားခါနီးမှ အစိုးရကနေ သိပ္ပံပညာရှင်တစ်ယောက် ပျောက်နေတာ လိုက်ရှာပေးပါ မဟုတ်ရင် ပြည်တွင်းစစ်ကြီးဖြစ်ပြီး ရန်သူဖက်က သူ့ကိုရထားရင် ရှုံးသွားနိုင်တယ်ဆိုပြီး အလုပ်လာပေးပါတယ်။ တစ်ဖက်မှာလည်း ဦးလေးပျောက်သွားလို့ လိုက်ရှာချင်နေတဲ့ အင်ဂျင်နီယာကျွမ်းကျင်တဲ့ ကလေးမလေးနဲ့ Bass တို့ ပေါင်းမိပြီး ကြောက်စရာအန္တရာယ်တွေနဲ့ ပြည့်နှက်နေတဲ့ Badland ထဲကို လူရှာဖွေစွန့်စားခန်းကြီး ထွက်ကြတာကို ကြည့်ရမှာပါ။ အမေရိကန်ရဲ့ Mecha စက်ရုပ်တွေ လက်နက်တွေရော Red Indian တွေကလည်း မှော်ပညာအစွမ်းတွေနဲ့ရော ကောင်းဘွိုင်ခေတ်ထဲ Steampunk Sci-fi အထာတွေနဲ့ ဖြုတ်ကြမယ့် စီးရီးကောင်းတစ်ခု ဖြစ်ပါတယ်။

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း