ဇာတ်ကားများ ရွေးရန်

When I Meet the Moon

2026ဇာတ်လမ်းတွဲအမှတ် 9.0/10

When I meet the Moon (2026) လရောင်ဝှက်တဲ့ချစ်ပုစ္ဆာ အခုအလှည့်ကျလာတာကတော့ အားလုံးက ချစ်ကြတဲ့ ကိုကို Lin Yi ရဲ့ကားသစ်လေးပါ။ ဇာတ်လမ်းအမျိုးအစားက Romance ဆိုပေမဲ့ ဇာတ်အိမ်လေးကတော့ ငယ်ချစ်ဦးနဲ့ပြန်ဆုံစည်းရတဲ့ပုံစံလေးမို့ ငယ်ချစ်ဦးနဲ့လွဲခဲ့တဲ့ C drama fan အပေါင်း အချိုတွေ တစ်ဝကြီးစားရဦးမှာပါ။ အဓိကဇာတ်ဆောင်တွေကတော့ Love in the Clouds, Love between Lines တို့မှာပါဝင်ခဲ့တဲ့ အလှလေး Lu Yu Xiao က ကိုကို Lin Yi နဲ့အတူ တွဲဖက်သရုပ်‌ဆောင်ထားပေးပါတယ်။ ဇာတ်လမ်းအညွှန်း >>> လူတောမတိုးရဲဘဲ အပေါင်းအသင်းမရှိတဲ့ ယွင်လီဟာ ကိုယ့်ဘာသာရပ်တည်နိုင်တယ်ဆိုတာကို သက်သေပြဖို့အတွက် နန်ဝူမြို့မှာ မာစတာဘွဲ့သင်တန်းတက်ရောက်ဖို့ လျှောက်ထားခဲ့ပါတယ်။ ကျောင်းမဖွင့်မီတစ်ရက်အလိုမှာတော့ သူဟာ Video Creator တစ်ယောက်အနေနဲ့ ဒေသတွင်း VR ဗဟိုဌာနတစ်ခုကို ဖိတ်ကြားခံခဲ့ရရာမှ အထက်တန်းကျောင်းသူဘဝကတည်းက သူ တိတ်တခိုးသဘောကျခဲ့ရသူလည်းဖြစ်၊ နည်းပညာပါရမီရှင်တစ်ဦးလည်းဖြစ်တဲ့ ဖူရှီကျဲနဲ့ မထင်မှတ်ဘဲပြန်လည်ဆုံတွေ့ခဲ့ရပါတယ်။ သူငယ်ချင်းတွေရဲ့ကူညီပေးမှုနဲ့အတူ ယွင်လီဟာ သူ့ကြောက်ရွံ့မှုတွေကို ဖြည်းဖြည်းချင်းကျော်လွှားပြီး နေခြည်လိုနွေးထွေးမှုတွေနဲ့ ဖူရှီကျဲရဲ့နှလုံးသားကို အနိုင်ယူနိုင်ခဲ့ပါတော့တယ်။ သူတို့နှစ်ဦးဟာ မြတ်မြတ်နိုးနိုးချစ်ခဲ့ကြသူတွေဖြစ်ပေမဲ့ မတူညီတဲ့အမြင်တွေကြောင့် နောက်ဆုံးမှာတော့ လမ်းခွဲခဲ့ကြပါတယ်။ ယွင်လီ နိုင်ငံခြားကိုထွက်ခွာသွားချိန်မှာတော့ ဖူရှီကျဲဟာ သူ့ရင်ထဲမှာ နက်နက်ရှိုင်းရှိုင်းမြှုပ်နှံထားခဲ့တဲ့စိတ်ဒဏ်ရာတွေကို ထိပ်တိုက်ရင်ဆိုင်ခဲ့ရပါတော့တယ်။ ယွင်လီကို ပြန်လည်ရရှိဖို့အတွက် သူ့စိတ်ကိုပြန်စုစည်းပြီး သုတေသနအဖွဲ့ကို ဦးဆောင်ခဲ့ပါတယ်။ ယွင်လီ ပြန်ရောက်လာတဲ့အခါမှာတော့ ဖူရှီကျဲဟာ မဆုတ်မနစ်တဲ့ဇွဲနဲ့ ထပ်မံလိုက်ပိုးခဲ့ပြီး အတိတ်က အမြင်ကွဲလွဲမှုတွေကိုကျော်လွှားကာ သူတို့ရဲ့အချစ်ကို တစ်ဖန်ပြန်လည်စတင်နိုင်ခဲ့ကြပါတော့တယ်။ ဒီစီးရီးလေးထဲမှာ အပြန်အလှန်ဖေးမကူညီမယ့် Healing Vibe အပြည့်ပါဝင်လို့ C drama ချစ်သူတွေကို ရည်းစားလိုချင်စေမဲ့စီးရီးကောင်းလေးမို့ ရည်းစားမရမဲ့တူတူတော့ ဒီစီးရီးလေးကို မလွတ်တမ်းအားပေးလိုက်ကြပါဦးနော်။ Total Episodes : 27 Quality : WEB-DL 1080p , 720p Format : mp4 Genres : Romance, Life Runtime :45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

6 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း