ဇာတ်ကားများ ရွေးရန်

The Silent Storm

2026ဇာတ်လမ်းတွဲအမှတ် 9.0/10

တစ်ချိန်က အခင်ဆုံးမိတ်ဆွေတွေဖြစ်ခဲ့ကြပေမဲ့ အချိန်တွေကြာလာတဲ့အခါ အကျိုးစီးပွားနဲ့ ကိုယ်ကျင့်တရားကြားမှာ ရွေးချယ်မှုတွေ ပြုလုပ်ရင်း တစ်ဖက်နဲ့တစ်ဖက် ပြိုင်ဘက်တွေ ဖြစ်လာခဲ့ကြရင် ဘယ်လိုအခြေအနေတွေ ကြုံတွေ့ရမလဲ…ငွေကြေးနဲ့ အာဏာအတွက် အမှန်တရားကို ဖုံးကွယ်ထားသူတွေနဲ့ ဥပဒေကို လက်ကိုင်ထားပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားသူတွေရဲ့ အားပြိုင်မှုကို တင်ဆက်ထားတဲ့ တရုတ်မှုခင်းဇာတ်လမ်းတွဲကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ် >>ဇာတ်လမ်းအညွှန်း<<< ၁၉၉၄ ခုနှစ်က နွေဦးရာသီမှာ ဖြစ်ပွားခဲ့တဲ့ အတုအယောင်ငွေတောင်းခံလွှာအမှုတစ်ခုကြောင့် အခွန်စစ်ဆေးရေးအရာရှိ Ouyang Xu၊ ရဲအရာရှိဟောင်း Yan Ping An နဲ့ ပုံနှိပ်စက်လုပ်သား Zhou Hai Yang တို့ သုံးယောက် ဆုံတွေ့ခဲ့ကြပါတယ် အဲဒီအချိန်ကစပြီး ညီအစ်ကိုလို ခင်မင်ခဲ့ကြပေမဲ့ နှစ်ပေါင်းများစွာကြာပြီးနောက် “Gu Yu Action” စစ်ဆင်ရေးကြီး စတင်လာတဲ့အခါ သူတို့သုံးယောက်ဟာ တရားဥပဒေဘက်နဲ့ ရာဇဝတ်မှုဘက်ဆိုပြီး ဆန့်ကျင်ဘက်အနေအထားတွေကို ရောက်ရှိသွားခဲ့ကြပါတယ် အပြင်ပန်းမှာ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလို နေထိုင်နေတဲ့ Zhou Hai Yang ရဲ့ နောက်ကွယ်မှာတော့ ကြီးမားတဲ့ အခွန်လိမ်လည်မှုကွန်ရက်တစ်ခု ရှိနေပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ကြိုးစားလာတဲ့အခါ မိတ်ဆွေဟောင်းတွေကြားက သံယောဇဉ်နဲ့ တာဝန်ကြားမှာ ဘယ်လိုရွေးချယ်ကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် ဒီဇာတ်လမ်းတွဲလေးထဲမှာဆိုရင် မကြာသေးခင်ကထွက်ရှိပြီးသွားတဲ့ The Early Spring ထဲက မာနခဲကိုကိုLuke အဖြစ် ပရိသတ်အသည်းကိုကိုင်လှုပ်သွားတဲ့ Jing Boran က အဓိကဇာတ်ဆောင် Ouyang Xu အဖြစ်ပါဝင်ထားပြီး မှုခင်း၊ စုံထောက်ဇာတ်အိမ်တွေကို စိတ်ဝင်စားသူတွေအတွက် စောင့်ကြည့်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခု ဖြစ်ပါတယ် Total Episodes : 40 Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Life Runtime :45 min Subtitle : Myanmar Subtitle ( Hardsub )

အပိုင်းများ

8 အပိုင်း၊ season 1 season

ဇာတ်လမ်းအကြောင်း