The Outlaws: Hidden Legends
"တောနက်ထဲက ဓားပြဒဏ္ဍာရီ" (၂၀၂၆) ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက် ထိုင်းနိုင်ငံမှာ အာဏာရှိသူတွေက ပြည်သူတွေရဲ့ဒုက္ခကို အခွင့်ကောင်းယူပြီး ကိုယ်ကျိုးရှာနေကြတဲ့ အမှောင်ခေတ်တစ်ခုကို ရောက်ရှိနေခဲ့ပါတယ်။ အဲဒီအချိန်မှာ ဖေ့စ်ချဘူရီဒေသက "စေန်ခမ်"ဆိုတဲ့ လူငယ်ဓားပြတစ်ယောက်ဟာ ချမ်းသာသူတွေဆီက ဓားပြတိုက်ပြီး ဆင်းရဲသားတွေကို ကူညီပေးနေသူဖြစ်ပါတယ်။ ဒါပေမယ့် ပြည်နယ်အုပ်ချုပ်ရေးမှူးကို သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ သေဒဏ်ချမှတ်ခံလိုက်ရပြီး သူ့ရဲဘော်သုံးယောက်ရဲ့ ကယ်တင်မှုကြောင့် သူတို့လေးယောက်ဟာ နာမည်ကျော် “ကျားဆိုးလေးကောင်” အဖြစ် ပေါ်ပေါက်လာခဲ့ပါတယ်။ တစ်နိုင်ငံလုံးက လိုက်လံဖမ်းဆီးမှုတွေကြားမှာ "စေန်ခမ်" ဟာ သူ့အပေါ်စွပ်စွဲထားတဲ့ အမှုရဲ့အမှန်တရားကို ရှာဖွေဖို့ သရဲခြောက်တောကြီး "လာအူ" ဆီ ခရီးနှင်ခဲ့ပါတယ်။ အဲဒီမှာ အမှုနဲ့ဆက်စပ်နေတဲ့ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသမီးဓားပြ"ဇေဒေန်းဒမ်း"ကို တွေ့ဆုံခဲ့ပြီး စစ်ပွဲအတွင်းက ဝှက်ထားတဲ့ ရွှေတွေနဲ့ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေကြားမှာ သစ္စာဖောက်မှုတွေနဲ့ပါ ရင်ဆိုင်လာခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ "စေန်ခမ်" ဟာ လူတိုင်းရဲ့ရန်သူအဖြစ် ထွက်ပြေးနေရတဲ့ ဓားပြတစ်ယောက်အဖြစ် ဆက်လက်ရှင်သန်မလား၊ ဒါမှမဟုတ် ပြည်သူတွေရဲ့နှလုံးသားထဲမှာ မမေ့နိုင်တဲ့ ဒဏ္ဍာရီတစ်ခုအဖြစ် ကျန်ရစ်ခဲ့မလားဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။
အပိုင်းများ
1 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း