Oxytoxin
"အိပ်မက်ထဲက မိန်းကလေး" စိန့် စီစီလီယာ အထက်တန်းကျောင်းမှာ ကျောင်းသူတိုင်း ကြောက်လည်းကြောက်၊ အားလည်းကျရတဲ့ မိန်းကလေးအဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ အဲဒီအဖွဲ့ကိုတော့ Toxxxxin လို့ခေါ်ပြီး အိုက်ဒေါင်၊ ဂေးလ်၊ ချယ်လ်ဆီးနဲ့ မွေမွေဆိုတဲ့ မိန်းကလေး လေးယောက်က ဦးဆောင်ထားတာပါ။ သူတို့ဟာ ကျောင်းတွင်းမှာ သြဇာအာဏာကြီးမားတဲ့သူတွေဖြစ်တာကြောင့် သူတို့ကို ဘယ်သူကမှလွယ်လွယ်နဲ့ ပြန်မပြောရဲကြပါဘူး။ တစ်နေ့မှာတော့ ကျောင်းမှာ အနိုင်ကျင့်ခံနေရတဲ့ ပညာသင်ဆုရ ကျောင်းသူလေး ဂျွန်ဂျိုင်းဟာ သူတို့အဖွဲနဲ့ ဆုံတွေ့လာခဲ့ပါတယ်။ ဂျွန်ဂျိုင်းကို မြင်မြင်ချင်းမှာပဲ အိုက်ဒေါင်တစ်ယောက် ထူးဆန်းတဲ့ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဂျွန်ဂျိုင်းရဲ့ရုပ်ရည်ဟာ သူမအိပ်မက်ထဲမှာ မကြာခဏ မြင်တွေ့နေရတဲ့ မိန်းကလေးတစ်ယောက်နဲ့ အရမ်းတူနေလို့ပါပဲ။ အဲဒီနောက်မှာတော့ အိုက်ဒေါင်နဲ့ သူ့သူငယ်ချင်းတွေက ဂျွန်ဂျိုင်းကို သူတို့အဖွဲ့ထဲ ခေါ်သွင်းပေးခဲ့ကြပါတယ်။ အရင်က အနိုင်ကျင့်ခံနေရပြီး လူအများရဲ့အာရုံစိုက်မှုမရခဲ့တဲ့ ဂျွန်ဂျိုင်းဟာ သူတို့နဲ့ပေါင်းမိပြီးနောက် ကျောင်းမှာ လူသိများလာသလို သူမရဲ့လူမှုဘဝလည်း အများကြီး ပြောင်းလဲသွားခဲ့ပါတယ်။ ဒီမိန်းကလေးတွေဟာ ကျောင်းတွင်းမှာ အာဏာရှိရုံတင်မကဘဲ ကိုယ်စီအိပ်မက်တွေကိုလည်း အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြတဲ့သူတွေပါ။ တချို့က မော်ဒယ်လ်လောကမှာ အောင်မြင်ချင်ကြသလို တချို့ကလည်း ဖက်ရှင်ဒီဇိုင်နာဖြစ်ဖို့ ရည်မှန်းထားကြပါတယ်။ ဒါပေမဲ့ သူတို့ထင်ထားသလို လက်တွေ့ဘဝက အမြဲတမ်းလွယ်ကူနေတာတော့ မဟုတ်ပါဘူး။ အရင်က မကြုံဖူးတဲ့ အခက်အခဲတွေနဲ့ မမျှော်လင့်ထားတဲ့ ပြဿနာတွေကို ရင်ဆိုင်လာရတဲ့အခါ သူတို့ရဲ့ခင်မင်မှု၊ ယုံကြည်မှုတွေအပြင် တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေးတွေပါ စမ်းသပ်ခံရသလိုဖြစ်လာတဲ့အခါ........... ဂျွန်ဂျိုင်းဟာ အိုက်ဒေါင်ရဲ့အိပ်မက်ထဲမှာပေါ်လာတဲ့ မိန်းကလေးနဲ့ တူနေရတဲ့အကြောင်းအရင်းကဘာလဲ....... Toxxxxin အဖွဲ့ဝင်တွေရဲ့ အိပ်မက်တွေကရော လက်တွေ့ဘဝရဲ့ အခက်အခဲတွေကြားမှာ ကိုယ်စီအောင်မြင်မှုတွေ ရနိုင်ကြမလား..... ကျောင်းတွင်းအာဏာပြိုင်ဆိုင်မှုတွေ၊ သူငယ်ချင်းသံယောဇဉ်တွေနဲ့ ကိုယ်စီအိပ်မက်တွေကြားမှာ သူတို့မိန်းကလေးတစ်စု ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ကြရမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုအားပေးကြပါဦးရှင်။
အပိုင်းများ
1 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း