My Secret Boyfriends
"လျှို့ဝှက်ချစ်သူ" (၂၀၂၆) "အချစ်ဆိုတာ ချိုမြိန်မှ မဟုတ်ပါဘူး... တစ်ခါတလေ အဆိပ်သင့်နေမှန်းသိလျက်နဲ့ကို ရုန်းထွက်မရအောင် စွဲလမ်းရတာမျိုးပါ" Thai BL ပရိသတ်တွေအတွက် ဒီနေ့မှာပဲ ပူပူနွေးနွေး စတင်ထုတ်လွှင့်လိုက်ပြီဖြစ်တဲ့ ရုံးတွင်းအချစ်ဒရာမာ ဇာတ်ကားသစ်လေးကို လက်မနှေးတမ်း တင်ဆက်ပေးလိုက်ပါပြီခင်ဗျာ။ ဒီကားလေးကတော့ နာမည်ကြီး Korean Webtoon ကို အခြေခံပြီး ကိုရီးယားမှာ "Secret Relationship" နာမည်နဲ့ အောင်မြင်ခဲ့တဲ့ဇာတ်ကားကို ထိုင်းဗားရှင်းအနေနဲ့ "My Secret Boyfriends" ဆိုပြီး ပြန်လည်အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။ ကိုရီးယားဗားရှင်းတုန်းက တော်တော်လေး Dark ဖြစ်ပြီး Toxic ဆန်တဲ့ အချစ်ရေးကို ရိုက်ပြထားလို့ ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားခဲ့တာကို မှတ်မိကြဦးမှာပါ။ ဒီထိုင်းဗားရှင်းရဲ့ အဓိကဆွဲဆောင်မှုကတော့ "To Be Continued" စီးရီးနဲ့ ပရိသတ်အခိုင်အမာရထားတဲ့ Junior နဲ့ Fluke (JuniorFluke) တို့အတွဲ ပြန်လည်ပါဝင်လာတာပါပဲ။ ဇာတ်လမ်းကတော့ ရုံးလုပ်ငန်းခွင်ကို အခြေခံထားပြီး၊ အလုပ်ကြိုးစားပြီး ရည်မှန်းချက်ကြီးတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝထဲကို မတူညီတဲ့ပုံစံကိုယ်စီနဲ့ ယောက်ျားလေး ၃ ယောက် ဝင်ရောက်လာတဲ့အခါ... တစ်ယောက်ကတော့ ကိုယ့်ကို အထက်စီးကနေ ချုပ်ကိုင်ချင်တဲ့၊ နည်းနည်းလေး ဆိုက်ကိုဆန်ပြီး အဆိပ်သင့်စေတဲ့ (Toxic / Psychopath) CEO သူဌေးကြီး။ နောက်တစ်ယောက်ကတော့ ရုံးမှာ အမြဲတမ်း ကိုယ့်ဘေးနားရှိပေးပြီး ဂရုစိုက်ပေးတတ်တဲ့ မတည့်အတူနေ လုပ်ဖော်ကိုင်ဖက်ကောင်လေး။ ဒီလို အခြေအနေမှာပဲ အချစ်ရေးက ရှုပ်ထွေးလာပါတော့တယ်။ ကိုယ့်အထက်လူကြီး CEO ရဲ့ လည်ပင်းညှစ်သလို ချုပ်ကိုင်မှုတွေကြားမှာပဲ ကြိတ်မှိတ်ခံမလား၊ ဒါမှမဟုတ် နွေးထွေးတဲ့သူဆီပဲ သွားမလားဆိုတဲ့ အားပြိုင်မှုတွေကြားမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာ... ရိုးရိုးသာမန် အချစ်ကားတွေလို အချိုအီလေးတွေထက်စာရင် Psychological နဲ့ Drama ကို ပေါင်းစပ်ထားတဲ့ "Cat and Mouse" လို လွန်ဆွဲပွဲတွေကို အကြိုက်တွေ့မဲ့သူတွေအတွက် သေချာပေါက် သဘောကျမဲ့ ဇာတ်ကားမျိုးလေးပါပဲ။
အပိုင်းများ
1 အပိုင်း၊ season 1 seasonဇာတ်လမ်းအကြောင်း