The Boulet Brothers' Holiday of Horrors (2025) IMDb Rating (7.5) ဒီဇာတ်ကားလေးကတော့ မိနစ် ၄၀ ပဲကြာမြင့်တဲ့ ထိတ်လန့်သည်းဖို ဇာတ်ကားအမျိုးအစားဖြစ်ပေမဲ့ သာမန် တွေ့နေကျ ပုံစံနဲ့မတူဘဲ ထူးခြားတဲ့ တင်ဆက်ပုံမျိုးနဲ့ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းသွားကို ဒရက်ကူလာ နဲ့ သူ့လက်ထောက်နှစ်ယောက်က ထိတ်လန့်သည်းဖို ပုံပြင်တွေကို ပြန်ပြောင်းပြောပြနေသလိုပုံစံမျိုးနဲ့ ရိုက်ကူးထားပြီး အထူးသဖြင့် ခရစ္စမတ်ကာလနဲ့ နှစ်သစ်ကူးကာလကို အခြေခံပြီး တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီဇာတ်လမ်းရှည်ကြီးထဲမှာမှ မတူညီတဲ့ ဇာတ်လမ်းငယ် ၄ပုဒ်ပါဝင်ပြီးတော့ တစ်ပုဒ်ချင်းစီတိုင်းက မတူညီတဲ့ ရသတစ်မျိုးစီနဲ့ စဥ်းစားစရာတွေဖြစ်စေတာမို့ တမူထူးခြားတဲ့ပုံစံမျိုးကို မြင်တွေ့ရမှာပါ။ ဇာတ်ကောင်တွေရဲ့ အပြင်အဆင်၊ ဒိုင်ယာလော့ခ်တွေကလည်း ပြောစရာမရှိအောင် အဆင်ပြေချောမွေ့ပြီး အားလပ်ရက်မှာ အေးအေးလူလူကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ပုဒ်ပါပဲ။ File Size : 1.06GB/ 330MB Quality : AMZN WEB-DL 1080p 51.CH/ 720p Format…mp4 Duration…41m Genre : Horror Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်