Zoom
ဇွန်းမ်ဟာ အရင်က စူပါဟီးရိုးတစ်ယောက် ဖြစ်ခဲ့ပေမယ့် အခုတော့ ဂျက်ဆိုတဲ့အမည်နဲ့ သာမန်လူတစ်ယောက်လို အလုပ်လုပ်ရင်း ဇာတ်မြှုပ်နေပါတယ်။ အတိတ်က ဂမ်မာရောင်ခြည်စမ်းသပ်မှုတစ်ခုမှာ ဇီးနစ်အဖွဲ့ဝင်လည်းဖြစ်၊ သူ့အစ်ကိုလည်းဖြစ်တဲ့ ကွန်ကားရှင်းဟာ စိတ်ရိုင်းဝင်သွားခဲ့တယ်။ အစ်ကိုဖြစ်သူကို တိုက်ခိုက်ရင်း ဇွန်းမ်လည်း သူ့စွမ်းအားတွေ ဆုံးရှုံးခဲ့ရတာပါ။ နှစ်ပေါင်း ၃၀ လောက်အကြာမှာ ကွန်ကားရှင်း ကမ္ဘာမြေဆီ ပြန်ရောက်လာတော့မယ်လို့ ခြေရာခံမိကြတယ်။ သူ့ကို ရင်ဆိုင်ဖို့ စွမ်းအားပိုင်ရှင်ကလေးတွေနဲ့ အဖွဲ့သစ်ဖွဲ့ပြီး အဲဒီကလေးတွေကို လေ့ကျင့်ပေးရမယ့်တာဝန်က ဂျက်ဆီ ရောက်လာပါတယ်။ စွမ်းအားဆုံးရှုံးထားတဲ့ ဟီးရိုးဟောင်းတစ်ယောက်နဲ့ အဖွဲ့ဝင်အသစ်တွေကြား ဘယ်လိုအခက်အခဲတွေ ရှိလာမလဲ၊ သူတို့ရဲ့ကြိုးစားမှု အောင်မြင်နိုင်မလားဆိုတာကို ဟာသနဲ့ တွဲပြထားပါတယ်။ Toy Story ထဲက Buzz Lightyear ရဲ့အသံသရုပ်ဆောင် Tim Allen နဲ့ FRIENDS မှာ Monica အဖြစ် ပါဝင်ခဲ့တဲ့ Courtney Cox တို့က ဦးဆောင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကြောင်း