အက်ရှင်မင်းသားကြီး Chuck Norris ရဲ့ အမာခံ ပရိသတ်တွေအတွက် ဒီနေ့မှာတော့ ၂၀၀၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ မှုခင်းအက်ရှင် ဇာတ်ကားကောင်း "The Cutter (၂၀၀၅)" ကို တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Bill Tannen ရိုက်ကူးထားပြီး မင်းသားကြီး Chuck Norris နဲ့အတူ ကိုယ်ခံပညာရှင် မင်းသား Daniel Bernhardt တို့ရဲ့ အကြိတ်အနယ် ရင်ဆိုင်တိုက်ခိုက်မှုတွေကို မြင်တွေ့ရမယ့် အက်ရှင်ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂျွန် ရှက်ဖတ် (John Shepherd - သရုပ်ဆောင် Chuck Norris) ဆိုတဲ့ ရဲစုံထောက်ဟောင်းတစ်ယောက်ကနေ စတင်ပါတယ်။ သူဟာ ပြန်ပေးဆွဲခံရတဲ့ ကလေးမလေးတစ်ယောက်ကို ကယ်တင်တဲ့ စစ်ဆင်ရေးတစ်ခုမှာ အချိန်မီ မကယ်လိုက်နိုင်တဲ့အတွက် စိတ်ဒဏ်ရာရပြီး ရဲတပ်ဖွဲ့ကနေ အနားယူကာ ပုဂ္ဂလိက စုံထောက်အဖြစ် ရပ်တည်နေသူပါ။ တစ်ဖက်မှာတော့ ဒါ့ခ် လို့ခေါ်တဲ့ သွေးအေးရက်စက်တဲ့ ကြေးစားလူသတ်သမားတစ်ယောက်ဟာ တမန်တော် မိုးဇက် လက်ထက်ကတည်းက တည်ရှိခဲ့တဲ့ သမိုင်းဝင် တန်ဖိုးဖြတ်မရသော စိန်ရတနာတုံးကြီးတွေကို ခိုးယူခဲ့ပါတယ်။ အဲဒီရှေးဟောင်း စိန်တုံးကြီးတွေကို ပြန်လည်သွေးဖြတ်ဖို့အတွက် ဒုတိယကမ္ဘာစစ်အတွင်းက အော့ဇ်ဝစ်ဇ် အကျဉ်းစခန်းကနေ အသက်ရှင်လွတ်မြောက်လာခဲ့တဲ့ သက်ကြီးရွယ်အို စိန်သွေးပညာရှင်ကြီး အိုက်ဇက် တယ်လာ ကို ဒါ့ခ် က ပြန်ပေးဆွဲသွားပါတော့တယ်။အိုက်ဇက် ရဲ့ တူမဖြစ်သူ အဲလိဇဘက် က သူမရဲ့ ဦးလေးဖြစ်သူကို ကယ်တင်ပေးဖို့ ဂျွန် ရှက်ဖတ် ကို ငှားရမ်းလိုက်တဲ့အခါ၊ စိန်သွေးတဲ့အလုပ် ပြီးတာနဲ့ အိုက်ဇက် ကို သတ်ပစ်မယ့် ကြေးစားလူသတ်သမားရဲ့ လက်ထဲကနေ ရှက်ဖတ် တစ်ယောက် အချိန်မီ ဘယ်လို အသက်စွန့် ကယ်တင်မလဲ ဆိုတာကို စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတာပါ။ "The Cutter (၂၀၀၅)" ဟာ ၉၀ ပြည့်လွန်နှစ်တွေနဲ့ ၂၀၀၀ ပြည့်လွန်နှစ် အစောပိုင်းက Old-School အက်ရှင်ဇာတ်ကားတွေရဲ့ အရသာကို ပြန်လည်ခံစားချင်သူတွေနဲ့ မင်းသားကြီး Chuck Norris ရဲ့ ပရိသတ်တွေအတွက် အပန်းဖြေ ကြည့်ရှုလို့ကောင်းမယ့် မှုခင်းအက်ရှင် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ File size… 2.05 GB / 1.19 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 1h 32mGenre ..... Action, Crime, Thriller Subtitle…. Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်