Hotspot 2 Much (2026) များလွန်းတယ် ၂၀၂၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Hot Spot ရုပ်ရှင်ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာဆိုရင် လူ့အဖွဲ့အစည်းက ပွင့်ပွင့်လင်းလင်း မပြောရဲတဲ့ အကြောင်းအရာတွေကို ဟာသနှောပြီး ထိထိမိမိ ဝေဖန်သရော်တင်ဆက်ထားတာပါ။ ဇာတ်လမ်းကတော့ ဒါရိုက်တာဖြစ်ချင်နေတဲ့ ကောင်မလေးတစ်ယောက်က ထုတ်လုပ်သူကို သူ့ရဲ့ ဇာတ်လမ်း တို ၃ ခုကို လာပြီး ပြောပြတဲ့ပုံစံမျိုးနဲ့ ပုံဖော်ထားတာပါ။ပထမဇာတ်လမ်းကတော့ သရုပ်ဆောင်မင်းသားတွေကို ဘုရားလို ကိုးကွယ်ပြီး ရူးသွပ်နေကြတဲ့ ပရိသတ်တွေကြား အားပြိုင်မှုကို သရော်ထားပြီး အဲဒီရူးသွပ်မှုကြောင့် မိသားစုဝင်တွေကိုပါ ထိခိုက်လာရတဲ့ အကျိုးဆက်ကို ပြထားတာပါ။ ဒုတိယဇာတ်လမ်းမှာတော့ ခေတ်ဆန်တဲ့သမီးနဲ့ ရှေးရိုးစွဲဖခင်တို့ကြား ဝတ်စားဆင်ယင်မှု အငြင်းပွားပုံ၊ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နဲ့ မိသားစုစံနှုန်းပြဿနာတွေကိုပြထားတာဖြစ်ပြီး၊ တတိယဇာတ်လမ်းက တော့ သိပ္ပံစိတ်ကူးယဉ်ဆန်ဆန် ပုံစံနဲ့ ၂၀၅၀ ခုနှစ်က မိန်းကလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကိုပြကာ၊ ဒီနေ့ခေတ်ရဲ့ အပေါ်ယံဆန်တဲ့ အချစ်ရေးတွေကို ဝေဖန်သရော်တင်ဆက်ထားတာဖြစ်ပါတယ်။ File size… 1.95 GB / 933 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1hr 58mins Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်