ဇာတ်ကားများ ရွေးရန်

Romancham

2023ဇာတ်ကားအမှတ် 8.0/10132 မိနစ်

ဂျီဘင်ဆိုတဲ့ အမျိုးသားတစ်ယောက် ကိုမာဝင်ပြီး ဆေးရုံတက်နေရတဲ့အခြေအနေကနေ ဇာတ်လမ်းစပါတယ်။ သူကိုယ်တိုင်လည်း ဘာကြောင့် ဒီလိုဖြစ်ခဲ့ရသလဲဆိုတာ မမှတ်မိဘူး။ အကြောင်းရင်းကို နောက်ကြောင်းပြန်ကြည့်ရင်တော့ သူငယ်ချင်းခုနစ်ယောက်နဲ့ သရဲခေါ်ဘုတ်ပြားတစ်ခုဆီ ရောက်သွားပါတယ်။ သူတို့ခုနစ်ယောက်ဟာ အိမ်ငှားခကို အတူမျှခံပြီး တစ်အိမ်တည်းမှာ စုနေကြတဲ့ သူငယ်ချင်းတွေပါ။ ညနေတိုင်း ဘော်လီဘောကစားရင်း ပျော်ပျော်နေတတ်ကြပေမယ့် တစ်ယောက်က ကစားနေကျကစားနည်းကို ပျင်းလာတော့ သရဲခေါ်တဲ့ကစားနည်းကို စမ်းဆော့ဖြစ်သွားတယ်။ ဘုတ်ပြားကတစ်ဆင့် ဝိညာဉ်ဆင့်ခေါ်မိရာက သူတို့ရဲ့ဘဝတွေ ကမောက်ကမဖြစ်လာကြပါတယ်။ မူရင်းအညွှန်းမှာတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းလို့ ဖော်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း