PONIES (2026) S1 ++++++++ အပိုင်း ( ၁ မှ ၈ ) အထိ စ / ဆုံး IMDb Rating (6.7) / Rotten Tomatoes (95%) ဘီထရစ် ဂရန့်နဲ့ တွိုင်လာဟက်စ်ဘက်ခ်ဆိုတဲ့ အမျိုးသမီးနှစ်ယောက်ဟာ ရှရှားနိုင်ငံ မော်စကိုမြို့က အမေရိကန်သံရုံးမှာ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်အသက်မွေးနေကြသူတွေပါ။ ဘာမှ ဆက်စပ်မှုမရှိတဲ့ သူတို့နှစ်ယောက်မှာ တူညီတာတစ်ခုကတော့ သူတို့ရဲ့ ခင်ပွန်းဖြစ်သူတွေဟာ အမေရိကန် ထောက်လှမ်းရေး အေးဂျင့်တွေ ဖြစ်နေတာပါပဲ။ တစ်နေ့မှာတော့ ကံအကြောင်းမလှစွာနဲ့ ဘီနဲ့တွိုင်လာတို့ရဲ့ ခင်ပွန်းသည်နှစ်ယောက်လုံး လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားပြီလို့ စီအိုင်အေဘက်က ပြောလာပါတယ်။ စီအိုင်အေဘက်က ဒီလိုပြောပေမဲ့ ခင်ပွန်းဖြစ်သူရဲ့ ကျန်ရစ်ပစ္စည်းတွေထဲမှာ သံသယရှိစရာ ပစ္စည်းတချို့ကို ဘီဟာ တွေ့ရှိခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့ခင်ပွန်းသည်တွေ သေဆုံးရတဲ့ အကြောင်းရင်းမှန်ကို သိအောင် အတူကြိုးစားဖို့ ဘီက တွိုင်လာ့ကို စည်းရုံးခဲ့ပါတယ်။ ဒီလိုသိအောင် လုပ်ဖို့ဆိုရင် သူတို့ခင်ပွန်းသည်တွေ အလုပ်လုပ်ခဲ့တဲ့ စီအိုင်အေထဲ ဝင်နိုင်မှ ရမှာပါ။ နဂိုကလည်း အရည်အချင်းရှိတဲ့ အမျိုးသမီးနှစ်ယောက်ဖြစ်သလို စီအိုင်အေဘက်ကလည်း လက်ခံလို့ရတဲ့ အကြောင်းရင်း တချို့ကြောင့် ဘီနဲ့တွိုင်လာဟာ စီအိုင်အေရဲ့ PONIES ဆိုတဲ့ လျှို့ဝှက်ထောက်လှမ်းရေးတွေ ဖြစ်လာပါတော့တယ်။ Size – 851MB Quality –WEB-DL 1080p HEVC Episodes - 8 Eps Duration - 53m Subtitle – Myanmar Hardsub Format – mkv Genre : Thriller
ဇာတ်ကားကြည့်ရန်