Abroad (2025) IMDb Rating (6.4) ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်မှာတော့ Bucheon International Fantastic Film Festival မှာ Audience Award နဲ့ Best Actor Award ရခဲ့တဲ့ ဇာတ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေအနေနဲ့ကတော့ "Call It Love" ထဲက Jang Sung Bum ၊ "My Dearest Nemesis" ထဲက Lim Young Ju တို့ အဓိကပါဝင်ထားပြီး အမေရိကန်သရုပ်ဆောင်များ ဖြစ်ကြတဲ့ Chris Carlson၊ Arden Michalec တို့ပါ အားဖြည့်ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းအညွှန်း ~ ထယ်မင်း (Jang Sung Bum) နဲ့ မင်ဂျီ (Lim Young Ju) တို့ စုံတွဲဟာ အော်ရိုရာအလင်းတန်းကို ကြည့်ဖို့အတွက် အမေရိကန်မြောက်ပိုင်းကို ခရီးထွက်လာခဲ့ကြပါတယ်။ ပျော်ပျော်ရွှင်ရွှင် ခရီးထွက်လာကြပေမဲ့ တည်းခိုခန်းရောက်တဲ့အခါမှာတော့ မင်ဂျီတစ်ယောက် ရေချိုးနေရာကနေ ပဟေဋိဆန်ဆန် ပျောက်ဆုံးသွားပါတော့တယ်။ ဒီလိုနဲ့ပဲ ကောင်မလေးဖြစ်သူ ပျောက်ဆုံးသွားတာကြောင့် သံသယရှိသူဖြစ်လာတဲ့ ထယ်မင်းတစ်ယောက် တိုင်းတစ်ပါးမှာ တစ်ယောက်တည်း နာမည်ပျက်ကို ဖယ်ရှားပြီး မင်ဂျီကို ရှာဖွေဖို့ ကြိုးစားရာမှာတော့... ထယ်မင်း သူ့ချစ်သူ မင်ဂျီရဲ့ ပဟေဋိဆန်ဆန် ပျောက်ဆုံးမှုကို ဖြေရှင်းသွားနိုင်မလားဆိုတာကို တွေးတောရင်း ကြည့်ရှုခံစားရမဲ့ ဇာတ်ကားကောင်းလေး ဖြစ်လို့ တင်ဆက်ပေးလိုက်ရပါတယ်။ File Size : 1.15GB/ 560MB Quality : WEB-DL 1080p/ 720p Format : mp4 Duration : 1hr 26m Genre : Action, Thriller, Mystery, Romance Subtitle : Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်