Paulie Go!
ပေါ်လီဟာ ငယ်ငယ်ကတည်းက အပေါင်းအသင်းမရှိဘဲ ဝိုင်းပယ်ခံခဲ့ရတဲ့ လူငယ်တစ်ယောက်ပါ။ သိပ္ပံကို ဝါသနာပါလို့ AI ဉာဏ်ရည်တုနည်းပညာနဲ့ ကွန်ပျူတာသိပ္ပံကိုတော့ ငယ်စဉ်ကတည်းက အားသွန်ခွန်စိုက် လေ့လာလာခဲ့တယ်။ သူအရမ်းတွဲလုပ်ချင်တဲ့ ကမ္ဘာကျော်သိပ္ပံပါမောက္ခကြီးဆီက ငြင်းပယ်ခံရတဲ့အခါ အိမ်ကို အသိမပေးဘဲ ပါမောက္ခကြီးကို လိုက်ရှာဖို့ မစ်နီဆိုးတားကို တစ်ယောက်တည်း ထွက်လာခဲ့ပါတယ်။ အဲဒီမှာ သူနဲ့ရွယ်တူ ဂျစ်ကန်ကန်ကောင်မလေး အေဗရီနဲ့ ဆုံမိတယ်။ အေဗရီက ပေါ်လီရဲ့ ပထမဆုံးသူငယ်ချင်း ဖြစ်လာပြီး သူတို့နှစ်ယောက်ကြား ဘယ်လိုအပေးအယူတွေ ရှိလာမလဲ၊ အတူစွန့်စားကြရင်း ဘာပြဿနာတွေ ရင်ဆိုင်ရမလဲဆိုတာ ဆက်တွေ့ရမှာပါ။ ပေါ်ပေါ်ထင်ထင် မနေဘဲ ပုန်းနေတဲ့ ပါမောက္ခကြီးမှာ ဘယ်လိုအကြောင်းရှိနေတာလဲ၊ သူ့လျှို့ဝှက်ချက်တွေကို ပေါ်လီနဲ့ အေဗရီတို့ ရှာတွေ့နိုင်ပါ့မလား။
ဇာတ်လမ်းအကြောင်း