Our Hero, Balthazar (2026) +++++++++++ ဒါရိုက်တာ Oscar Boyson ရိုက်ကူးပြီး မင်းသား Jaeden Martell နဲ့ Asa Butterfield တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ အမေရိကန်လူငယ်ဖြစ်တည်မှု သရော်စာနဲ့ ဟာသနှောတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ နယူးယောက်က သူဌေးသား ဆယ်ကျော်သက်လေး ဘောလ်သာဇာ (Balthazar - Jaeden Martell) ဟာ သူကြိုက်နေတဲ့ကောင်မလေးရဲ့အာရုံစိုက်တာခံရဖို့အတွက် လူမှုကွန်ရက်ပေါ်မှာ သေနတ်ကိုင်ဆောင်မှုဆန့်ကျင်ရေးဗီဒီယိုတွေကို ဟန်ပြငိုယိုပြီး တင်လေ့ရှိပါတယ်။ တစ်ရက်မှာတော့ တက္ကဆက်ပြည်နယ်က အထီးကျန်နေတဲ့ဆယ်ကျော်သက်လေး ဆော်လမွန် (Solomon - Asa Butterfield) က ဘောလ်သာဇာရဲ့ ဗီဒီယိုတွေကို အွန်လိုင်းကနေ လာရောက်လှောင်ပြောင်သရော်ပါတော့တယ်။ ဘော်လ်သာဇာက ဒီကောင်လေးဟာ ကျောင်းမှာ သေနတ်နဲ့ အကြမ်းဖက်မှုလုပ်တော့မယ့်သူလို့ ထင်ယောင်ထင်မှား ဖြစ်သွားပြီး၊ သူ့ရဲ့အချစ်တော်ကောင်မလေးရှေ့မှာ သူရဲကောင်းဖြစ်ချင်တဲ့စိတ်နဲ့ ဆော်လမွန်ကို တားဆီးဖို့ တက္ကဆက်ကို ကိုယ်တိုင်သွားခဲ့ပါတယ်။ တကယ်တမ်း တွေ့ဆုံကြတဲ့အခါ အရှေ့ဘက်က အလွန်ချမ်းသာတဲ့ သူဌေးသားနဲ့ အနောက်ဘက်က ရုန်းကန်နေရတဲ့ အထီးကျန်ကောင်လေးတို့အကြား လူမှုကွန်ရက်ရဲ့ ဆိုးကျိုးတွေ၊ ခေတ်လူငယ်တွေရဲ့ အထီးကျန်မှုနဲ့ မိသားစုကြား အဆက်အသွယ်ပြတ်တောက်မှုတွေကို သရော်စာဆန်ဆန် ရိုက်ပြထားတာ ဖြစ်ပါတယ်။ Tribeca Film Festival မှာ ပြသခဲ့ပြီး Audience Award Runner Up ဆု ရရှိခဲ့တဲ့အတွက် ဝေဖန်သူတွေကြား ပရိသတ်အကြိုက်တွေ့တဲ့ ကားဖြစ်ပါတယ်။ သေနတ်ယဉ်ကျေးမှု (Gun Culture)၊ လူမှုကွန်ရက်ပေါ်က ဟန်ပြပြုမူမှုတွေ ၊ စိတ်ဓာတ်ကျအထီးကျန်မှုနဲ့ ဆယ်ကျော်သက်ရောဂါဆန်တဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်။ အသက် ၁၇/၁၈ နှစ်နဲ့အထက်သာ ကြည့်ရှုဖို့ သင့်တော်ပါတယ်။ File Size… (2.04GB) / (944MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 36m Genre …Comedy , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်