ဇာတ်ကားများ ရွေးရန်

The Favourite

2018ဇာတ်ကားအမှတ် 7.5/10120 မိနစ်

Director- Yorgos Lanthimos ရိုက်ကူးပုံဖော်ထားပြီးမင်းသမီး Olivia Colman, Emma Stone, Rachel Weisz တို့အပြိုင်သရုပ်ဆောင်ထားတဲ့ ၁၈ ရာစုခေတ် အင်္ဂလန်ရာဇဝင်ကို ပုံဖော်ထားတဲ့ ဇာတ်ကားလေးပါ။IMDb ration 7.7, Rotten Tomatoes 93% rating ရထားပြီး ၉၁ ကြိမ်မြောက် အော်စကာ ဆုပေးပွဲမှာ  မင်းသမီး ၃ ယောက်လုံး Academy Nomiation  ဝင်ခဲ့ပြီး ဇာတ်လမ်း၊ဇာတ်ညွှန်းဒါရိုက်တာ ဓါတ်ပုံ အဝတ်အစားဒီဇိုင်း စတာတွေအတွက်Nomination ဆု (၁၀) ခုထိ ဝင်ထားပြီး Best Actress ဆုကို မင်းသမီးကြီး Olivia Colman က ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းကလေးကတော့ ၁၈ ရာစုခေတ်မှာအင်္ဂလန်နဲ့ ပြင်သစ်က စစ်ပွဲတွေ ဆင်နွဲနေတဲ့အချိန်ပါ။ မုဆိုးမတစ်ဦးဖြစ်ပြီး သားသမီးမရှိတဲ့ ဘုရင်မကြီး အန်းနီကတော့အင်္ဂလန်ထီးနန်းကို ဆက်ခံနေပြီး သူ့ငယ်သူငယ်ချင်း ဆာရာကအကြံပေးတဲ့အတိုင်း တိုင်းပြည်ကိုအုပ်ချုပ်နေပါတယ်။ ဘုရင်မကြီး အန်းနီက အာဏာရှိပေမယ့် ရိုးအပြီးပညာမဲ့ထုံထိုင်းတဲ့သူမို့ သွက်လက်ထက်မြက်ပြီး မာန်မာနကြီးတဲ့ဆာရာကသာ အရာရာကြိုးကိုင်နိုင်သူဖြစ်နေပါတယ်။ သူတို့နှစ်ဦးကြားကို အက်ဘီဂေး ဆိုတဲ့ မိန်းကလေးတစ်ဦး ရောက်လာချိန်မှာတော့ဖြစ်ပေါ်လာမယ့်အရှုပ်အထွေးတွေကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ပါ။ အက်ဘီဂေး ရွေ့သွားတဲ့အကွက်လေးတွေကို တော်တော်ကိုလှလို့ ပညာယူထားသင့်ကြပါတယ်ဒီဇာတ်ကားကတော့ လူတွေရဲ့ အာဏာနဲ့ ရာထူးတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားကြရင်းနဲ့ အထီးကျန်ပြီး မေတ္တာတရားမဲ့နေရတဲ့ဘဝတွေကို မြင်သာအောင် မီးမောင်းထိုးပြ သွားခဲ့ပါတယ်…. File Size : (1 GB) & ( 499 MB) Quality : BluRay 720p Running Time :1hr 59 min Format : Mp4 Genre : Biography , Comedy , Drama Subtitle : Myanmar Subtitle (Hard Sub)

ဇာတ်လမ်းအကြောင်း