Dance of the Damned (2026) IMDb Rating (7.1) ဒီဇာတ်ကားကတော့ အင်ဒိုနီးရှားရဲ့ နာမည်ကျော် Franchise တစ်ခုဖြစ်တဲ့ Qodrat Cinematic Universe ထဲကဗီလိန်တစ်ယောက်စတင်ဖြစ်ပေါ်လာပုံအကြောင်းဖြစ်ပြီး Qodrat စီးရီးရဲ့ Prequel လည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဒါဆိုဟာ ကိုယ်ဝန်ဆောင်ဇနီးသည် ဒါဆီနဲ့အတူအင်ဒိုနီးရှား ရိုးရာလူရွှင်တော်ဝတ်စုံဝတ်ပြီးလမ်းဘေးမှာဖျော်ဖြေအသက်မွေးရတဲ့ ဆင်းရဲသားအနုပညာရှင်တစ်ယောက်ပါ။ တစ်ညအိမ်အပြန် ရထားလမ်းဘေးကလူမိုက်တွေဟာ ဇနီးသည် ဒါဆီနဲ့ဗိုက်ထဲက ကလေးကိုရက်ရက်စက်စက်သတ်ဖြတ်လိုက်ကြပါတယ်။ ဖြေဆည်မရနိုင်တဲ့ပူဆွေးမှုတွေနဲ့အရူးတစ်ပိုင်းဖြစ်သွားတဲ့ ဒါဆို ဟာ သူ့ရွာကိုပြန်သွားတဲ့အချိန်မှာ မသမာတဲ့ကုမ္ပဏီတစ်ခုက ရွာသားတွေရဲ့မြေကိုသိမ်းယူဖို့ကြိုးစားရင်း ရိုးရာပွဲတော်တစ်ခုကိုနှောင့်ယှက်ဖျက်ဆီးခဲ့တာကြောင့် ရုတ်ရုတ်သဲသဲဖြစ်ပြီး ကျိန်စာတစ်ခုအသက်ဝင်လာရာကနေသူဟာ လက်စားချေချင်တဲ့ အမှောင်အင်အားစုတစ်ခုရဲ့ကြောက်စရာစွမ်းအင်တစ်ခုအဖြစ်ပြောင်းလဲသွားပါတော့တယ်။ ဇာတ်လမ်းက သာမန်သရဲခြောက်၊ ကျိန်စာတိုက်အစရှိတဲ့ ဇာတ်လမ်းတွေနဲ့ကွဲထွက်နေပြီး ရိုးရာသိုင်းပညာဖြစ်တဲ့ ဆီလတ်အသုံးပြုတိုက်ခိုက်တဲ့ အက်ရှင်ခန်းတွေ Slasher စတိုင်ကြမ်းတမ်းတဲ့ အထိုးအခုတ်အသက်အဖြတ်တွေနဲ့ဖွဲ့စည်းထားတာပါ။ Qodrat ဇာတ်ကားတွေကိုမကြည့်ဖူးပဲကြည့်လို့ရပေမယ့် ကြည့်ဖူးမယ်ဆိုရင်တော့ Post-credits တွေကိုပိုနားလည်နိုင်ပါလိမ့်မယ်။ ဟော်ရာကြိုက်သူတွေရော အက်ရှင်ပရိသတ်တွေပါ လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.3 GB) / (880 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Action,Drama,Fantasy,Horror,Thriller Duration…. 01:41:14 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်