ဇာတ်ကားများ ရွေးရန်

Pocong the Origin

2019ဇာတ်ကားအမှတ် 7.0/1090 မိနစ်

Pocong the Origin (2019) IMDb Rating (5.4) Pocong.the.Origin.2019 ဟာ ၂၀၀၆ တုန်းက အကြောင်းကြောင်းကြောင့် ပိတ်ပင်ခံခဲ့ရတဲ့ မူလဇာတ်ကားကိုအခြေခံပြီး မူလဒါရိုက်တာကိုယ်တိုင်ပြန်လည်ဆန်းသစ်ထားတာဖြစ်ပါတယ်။ အဲ့ဒီအချိန်ဆင်ဆာအဖွဲ့ရဲ့အဆိုအရဇာတ်ကားထဲက ခြောက်လှန့်ခန်းတွေနဲ့သွေးထွက်သံယိုအခန်းတွေဟာ ပရိသတ်တွေအတွက်စိတ်ဒုက္ခဖြစ်စေနိုင်ပြီးလူမဆန်တဲ့ရက်စက်မှုတွေပါဝင်နေတယ်လို့ယူဆခဲ့ကြပါတယ်။ ဒါတင်မက ၁၉၉၈ အဓိကရုဏ်းကိုအခြေခံထားတာဖြစ်လို့နိုင်ငံသားတွေရဲ့စိတ်ဒဏ်ရာကိုပြန်လည်နှိုးဆွသလိုဖြစ်မှာစိုးရိမ်တာကလည်း အကြောင်းတရားတစ်ခုဖြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဇွဲမလျှော့တဲ့ ဒါရိုက်တာက အဲ့ဒီနှစ်မှာပဲ ဇာတ်လမ်းအသစ်နဲ့Pocong 2 ကိုရိုက်ကူးပြသခွင့်ရပြီးအောင်မြင်ခဲ့သလို အခု ဇာတ်ကားကတော့ ပိတ်ပင်ခံခဲ့ရတဲ့ မူရင်းကားကိုခေတ်နဲ့အညီပြန်လည်ဆန်းသစ်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လူသတ်မှုပေါင်းများစွာနဲ့သေဒဏ်ပေးပေမယ့် မသေနိုင်တဲ့ နှစ်ကြိမ်တိုင်ပြန်ပြီးသေဒဏ်ပေးခဲ့ရတဲ့အကျဉ်းသား အာနန်တာနဲ့စတင်ပါတယ်။ သူက မသေခင်မှာ သူ့သမီးဖြစ်သူ ဆပ်စ်သီကို ဇာတိရွာမှာပဲ သူ့အလောင်းကိုပြန်လည်မြုပ်နှံပေးဖို့တောင်းဆိုခဲ့ပါသေးတယ်။ အဲ့ဒီလိုနဲ့ ဆပ်စ်သီတစ်ယောက်အကျဉ်းထောင်အစောင့်တစ်ဦးနဲ့အတူဖခင်ဖြစ်သူရဲ့အလောင်းကိုသယ်ဆောင်ပြီး ခရီးထွက်လာချိန် လမ်းခရီးမှာ ထူးဆန်းတဲ့အနှောင့်အယှက်တွေသဘာ၀လွန်ဖြစ်ရပ်တွေနဲ့ကြုံတွေ့ရပုံကိုတွေ့မြင်ကြရမှာပါ။ အာနန်တာက ဘယ်သူလဲ? ဘာကြောင့် သူ့ကိုလူတွေဖိမ့်ဖိမ့်တုန်အောင်ကြောက်လန့်ကြသလဲ? သေပြီးတဲ့နောက်မှာတောင် သူ့ဆီမှာ ဘယ်လိုအစွမ်းတွေရှိနေသေးလဲ? ဆက်လက်ရှုစားကြပါ။ File size… (590 MB) / (480 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror Duration…. 01:31:03 Subtitle…. Myanmar Subtitle (Hardsub)

ဇာတ်လမ်းအကြောင်း