Unmadham (2026) ရဲဝန်ထမ်းတစ်ယောက် ဖြစ်နေပေမဲ့ ဇာတ်ညွှန်းဆရာဖြစ်ချင်တဲ့အိပ်မက်ကိုလက်မလျှော့ဘဲ ကြိုးစားနေတဲ့ ရဲတပ်ကြပ် ရှယ်လီဟာ မအောင်မြင်တဲ့အိပ်မက်ကို လက်လျှော့ပြီး ရဲလုပ်ငန်းခွင်ကိုပြန်ဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ဝင်ဝင်ချင်းနေ့မှာပဲ အမှုတခုကြောင့် သူနဲ့မဆိုင်ဘဲ ကြားညှပ်ပြီး နယ်စွန်နယ်ဖျားကိုပို့ခံလိုက်ရပါတယ်။ ကိုယ်ပိုင်ဘဝနဲ့ အလုပ်ခွင်ဖိအားတွေကြား ရုန်းကန်နေရတဲ့ ရှယ်လီဟာ အဲဒီမှာ တာဝန်ကျနေတုန်းမှာ အချိန်အကြာကြီး အဖြေမပေါ်ဘဲ ပိတ်ထားခဲ့ရတဲ့ လူပျောက်မှုအဟောင်းတစ်ခုကို ပြန်လည်စုံစမ်းစစ်ဆေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒီအမှုနောက်ကွယ်မှာ ယုံကြည်ကိုးကွယ်မှု၊ အယူသီးမှုတွေနဲ့ မသင်္ကာဖွယ်ရာ ပဟေဠိတွေ အများကြီးပါနေတာကြောင့် အချိန်ကြာလာတာနဲ့အမျှ လက်တွေ့လောကနဲ့ ထင်ယောင်ထင်မှားတွေကြား ဝေခွဲရခက်လာပုံလာပုံတွေကို စိတ်ဝင်စားစရာမြင်တွေ့ရမယ့် စိတ္တဇ သည်းထိတ်ရင်ဖိုရုပ်ရှင်ကောင်းတစ်ခုဖြစ်ပါတယ်။ File size… 1.9 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 21m Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်