Hello Mummy
Hello Mummy (2024) ဘွန်နီရဲ့ တစ္ဆေခြောက် အချစ်ပုံပြင် IMDb 6.9/10 ရယ်ရယ်မောမော ဟာသလေးကိုမှ သဘာဝလွန် သည်းထိတ်ရင်ဖို ဇာတ်ကွက်လေးတွေပါ ရောနှောပါဝင်ထားတဲ့ ဇာတ်လမ်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ဘွန်နီဟာ အလိုလိုက်ခံ သူဌေးသားလေးပီပီ ပေါ့ပေါ့နေ ပေါ့ပေါ့စားနေသူတစ်ဦးပါ။ ရည်မှန်းချက် ဘဝအိမ်မက်ရယ်လို့လည်း မရှိဘဲ ရ န်ဖြစ်လိုက် ပျော်ပါးလိုက်နဲ့ ဘဝကိုဖြတ်သန်းနေပါတယ်။ အိမ်မွေးတိရစ္ဆာန် ဆက်စပ်ပစ္စည်းရောင်းတဲ့ဆိုင်လေးဖွင့်ထားတာကလွဲလို့ ကောလိပ်ကလည်းထွက်လိုက်ရပြီး ရန်ဖြစ်သောက်စားနေတဲ့သူတို့သားကို မိဘတွေက စိတ်မချတော့ပါဘူး။ အဲဒီမှာ ဘွန်နီရဲ့ယောက်ဖဖြစ်သူ အောင်သွယ်တော် မြားနတ်မောင် အေဂျင်စီ ထောင်ထားသူ သွန်မ်စန်ကို အပူကပ်ကြပါတော့တယ်။ သွန်မ်စန်ကလည်း နားအေးရင်ပြီးရောဆိုပြီး ဘွန်နီကို စတီဖင်ဆိုတဲ့ကောင်မလေးနဲ့တွေ့ပေးဖို့ စီစဉ်ပေးပါတော့တယ်။ ဒီလိုနဲ့ဘွန်နီက စတီဖင်ကိုတွေ့တွေ့ချင်း သဘောကျသွားပြီး သူတို့အဆင်ပြေသွားရာက လက်ထပ်ဖြစ်သွားပါတယ်။ စတီဖင်က မိခင်ဆုံးပါးသွားရှာပါပြီ။ သူက သိပ္ပံပညာရှင်ဖြစ်ချင်တဲ့အိမ်မက်နဲ့ ပညာသင်ဆုတွေလျှောက်ထားပြီးာကြိုးစားသူလေးတစ်ဦးပါ။ သူ့ဖခင်ကလည်း စည်းကမ်းတင်းကြပ်တဲ့ အငြိမ်းစား သင်္ချာပါမောက္ခဖြစ်နေပါတယ်။ ဘွန်နီက သူတို့အိမ်ထောင်ရေးမှာ စည်းကမ်းတင်းကြပ်တဲ့ စတီဖင်ရဲ့ဖခင်နဲ့ပဲ ရင်ဆိုင်ရမယ်ထင်ခဲ့တာပါ။ တကယ်တမ်းကျ စတီဖင်ရဲ့ သေဆုံးသွားတဲ့မိခင်က မကျွတ်လွတ်သေးဘဲ သူတို့အိမ်ထောင်ရေးကိုလည်း သဘောမတူနိုင်ဖြစ်ပြီးတော့ လိုက်ခြောက်လှန့်ပါတော့တယ်။ အလိုလိုက်ခံသူဌေးသားလေးရဲ့ ဘာလုပ်လုပ်တလွဲတွေဖြစ်နေပုံနဲ့ ယောက္ခမရဲ့ တမလွန်ကကန့်ကွက်မှုကို တွန်းလှန်ပုံတို့ကို ရယ်မောလိုက် သည်းထိတ်ရင်ဖိုဖြစ်လိုက်နဲ့ ရိုလာကိုစတာစီးသလို ကြည့်ရှုခံစားရမှာပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။ File size…1.9 GB / 1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 16min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
ဇာတ်လမ်းအကြောင်း