You, Me & Tuscany (2026) ဒီရက်ပိုင်းမှာ စိတ်ပြေလက်ပျောက် ချစ်ကြည်နူး တစ်တီတူးရတဲ့ဇာတ်ကားလေးကိုမှ အီတလီ vibe အပြည့်နဲ့ ကြည့်ချင်ရင်တော့ ဒီဇာတ်ကားလေးကိုသာ ကြည့်လိုက်ပါတော့နော်။ အေရီယယ်လူကားမှာ ဘလိန်းခံခဲ့ရတဲ့ကောင်မလေးကလည်း ဒီကားမှာတော့ ဇာတ်ရုပ်နဲ့ ကိုက်လို့လားမသိ၊ အရမ်းချစ်ဖို့ကောင်းပါတယ်။ ဇာတ်လမ်းအကျဉ်း ဘရီယန်နာဆိုတဲ့ကောင်မလေးဟာ အချက်အပြုတ်ဝါသနာပါပြီး စားဖိုမှူးတစ်ယောက် ဖြစ်လာဖို့ အိပ်မက်ရှိသူပါ။ ဒါပေမဲ့ ကံမကောင်း အကြောင်းမလှချင်ရှာတော့ အမေဖြစ်သူက ကင်ဆာရောဂါဖြစ်လာခဲ့ပြီး အမေ့ရောဂါကို ကုရင်းက သူတို့သားအမိခမျာ လုံးပါးပါးသွားခဲ့ပြီး သူမရဲ့အမေကလည်း ဆုံးသွားခဲ့ရရှာပါတယ်။ ဒီလိုနဲ့ ဘရီယန်နာက အချက်အပြုတ်ရော စားဖိုမှူးအိပ်မက်ကိုရော စွန့်လွတ်ပြီး အိမ်စောင့်တဲ့အလုပ်ကို လုပ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူမဟာ သူမရဲ့သူငယ်ချင်း အလုပ်လုပ်တဲ့ ဟိုတယ်က ဘားတစ်ခုမှာ သူငယ်ချင်းကို ထိုင်စောင့်ရင်း အီတလီလုပ်ငန်းရှင် လူငယ်တစ်ယောက်နဲ့ စကားပြောဖြစ်သွားခဲ့ကြပါတယ်။ အဲဒီအီတလီကောင်လေးက သူ့ဇာတိမြေအကြောင်းကို ဓာတ်ပုံတွေပြရင်း ပြောပြရင်းနဲ့ သူမကို ဘဝကို ဒီတိုင်းရှင်သန်ရုံမဟုတ်ပဲ တကယ်နေထိုင်ကြည့်ဖို့ပြောရာက သူမဟာ အီတလီကို သွားဖို့ စိတ်ကူးရသွားတာနဲ့ တစ်ခါတည်း ရှိစုမဲ့စု ငွေလေးနဲ့ ထွက်လာခဲ့ပါတော့တယ်။ သူမ အဲဒီကောင်လေးရဲ့ ဇာတိမြေကိုလည်း ရောက်ရော ပွဲတော်ချိန်နဲ့တိုးလို့ ဟိုတယ်အခန်း လုံးဝရှာမရခဲ့တာနဲ့ အဲဒီအီတလီကောင်လေးရဲ့ အိမ်ကို ရအောင်ရှာပြီး တစ်ညတာ ခိုးအိပ်ခဲ့ပါတယ်။ ဒီတော့ အီတလီရောက် အမေရိကန်သူလေးတစ်ယောက် ငွေလေးတစ်ပဲခြောက်ပြားနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ၊ သူ့ဘဝကိုရော ဘယ်လိုအချိုးအကွေ့ အပြောင်းအလဲတွေ ဖြစ်လာစေမလဲဆိုတာကို ကြည်နူးဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… (2.2 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Romance Duration…. 01:45:00 Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်