Newborn (2026) +++++++++++ psychological thriller ဇာတ်ကားကောင်းတွေကြိုက်တတ်တဲ့ သူအတွက် ရင်တမမနဲ့ ကြည့်ရမယ့် ရုပ်ရှင်ကားသစ်တစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ညီငယ်ဖြစ်သူရဲ့ ကားတိုက်မှုကို ကိုယ်စားဝင်ထောင်ကျခံပေးရာကနေ ထောင်ထဲမှာ လူသတ်မှုနဲ့ မတရားစွပ်စွဲခံရကာ ခုနစ်နှစ်ကြာတိုက်ပိတ်အကျဉ်းချခံခဲ့ရပြီး ပြန်လွတ်လာတဲ့ ခရစ်စနယူးဘွန်းဆိုသူရဲ့ ဘဝအကြောင်းကို ရိုက်ကူးထားတာပါ။ ခရစ်တစ်ယောက် အပြင်လောကကို ပြန်ရောက်လာတဲ့အခါ မိသားစုနဲ့ ပြန်အဆင်ပြေအောင် ကြိုးစားရင်း၊ တစ်ဖက်မှာလည်း အထီးကျန်ဆန်လှတဲ့ တိုက်ပိတ်အကျဉ်းထောင်ရဲ့ စိတ်ဒဏ်ရာတွေကြောင့် သူကြုံတွေ့နေရတဲ့ အမှန်တရားနဲ့ ထင်ယောင်ထင်မှား ဖြစ်ရပ်တွေကြားထဲမှာ စိတ်လှုပ်ရှားဖွယ် ရုန်းကန်ရပုံတွေကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ လွတ်မြောက်လာပေမယ့် ရင်ဆိုင်နေရတဲ့ စိတ်ပိုင်းဆိုင်ရာ ပိတ်လှောင်မှုတွေက ပရိသတ်ကို ဇာတ်ရှိန်အပြည့်နဲ့ ဆွဲခေါ်သွားမှာပါ။ မင်းသားကြီး David Oyelowoရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ဇာတ်ကောင်ရဲ့ မွန်းကြပ်ဖွယ်ရာ စိတ်ခံစားချက်တွေကို ကိုယ်တိုင်ကိုယ်ကျ စီးမျောခံစားရမှာဖြစ်လို့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ညွှန်းဆိုပေးလိုက်ချင်ပါတယ်။ File Size… (1.01GB) / (632MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration…1h 42m Genre ….Drama , Thriller Subtitle….Myanmar Subtitle (Hard Sub)
ဇာတ်ကားကြည့်ရန်