Stranger Things: Tales from '85 (2026) Season 1, 2 (Complete) Netflix ကနေ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၃ ရက်နေ့မှာ အသစ်ထွက်ရှိလာတဲ့ Stranger Things: Tales from '85 ဆိုတဲ့ Animation စီးရီးသစ်လေး လာပါပြီ။ ဒီကားလေးက မူရင်း Live-action စီးရီးရဲ့ Season 2 နဲ့ Season 3 ကြားက အချိန်ကာလဖြစ်တဲ့ ၁၉၈၅ ခုနှစ် ဆောင်းရာသီကို အခြေခံပြီး ဖန်တီးထားတဲ့ ဇာတ်လမ်းခွဲ (Spin-off) လေးပါ။ *ပါဝင်ဖန်တီးထားသူများ* ဒီစီးရီးကို Showrunner နဲ့ Developer အနေနဲ့ Eric Robles က တာဝန်ယူ ဖန်တီးထားတာပါ။ မူရင်း သရုပ်ဆောင်တွေအစား အသံသရုပ်ဆောင် အသစ်တွေနဲ့ ပြောင်းလဲ အသက်သွင်းထားပြီး အဓိက ဇာတ်ကောင်တွေ နေရာမှာ Brooklyn Davey Norstedt (Eleven)၊ Luca Diaz (Mike)၊ Benjamin Plessala (Will)၊ Braxton Quinney (Dustin)၊ Elisha Williams (Lucas) နဲ့ Jolie Hoang-Rappaport (Max) တို့က အသံပါဝင် သရုပ်ဆောင်ထားကြပါတယ်။ ဒါ့အပြင် Nikki လို့ခေါ်တဲ့ ဇာတ်ကောင်အသစ် တစ်ယောက်လည်း ပါဝင်လာပါတယ်။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းကတော့ Eleven တစ်ယောက် Upside Down ကြီးကို ပိတ်လိုက်ပြီး တစ်လအကြာမှာ စတင်ထားတာပါ။ ဂိတ်ပေါက်ကြီး ပိတ်သွားပြီဆိုတော့ ဟော့ကင်း (Hawkins) မြို့လေးက အေးချမ်းသွားပြီ ထင်စရာရှိပေမယ့် တကယ်တမ်းကျတော့ မြို့ထဲမှာ Upside Down က အမှုန်တွေ ကျန်ရစ်နေခဲ့ပါတယ်။ အဲဒီအမှုန်တွေကနေတစ်ဆင့် အပင်တွေ၊ ရွှေဖရုံသီးတွေနဲ့ ဆီးနှင်းတွေဆီကို ကူးစက်သွားပြီး ဘီလူးကောင် အသစ်တွေ ထပ်မံ ပေါက်ဖွားလာပါတော့တယ်။ ဒီတော့ ကလေးတစ်သိုက် အနေနဲ့ ကျောင်းတက်၊ ဆီးနှင်းတွေထဲ ဆော့ကစားရင်း သာမန်ဘဝကို ဖြတ်သန်းဖို့ ကြိုးစားနေရင်းကနေ အသစ်ပေါ်လာတဲ့ အကောင်တွေကို ဘယ်လို ထပ်ပြီး ရင်ဆိုင် ဖြေရှင်းကြမလဲ ဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်ထားပါတယ်။ ဒီစီးရီးက ၈၀ ပြည့်လွန်နှစ်တွေက စနေနေ့ မနက်ခင်းတွေမှာ ပြလေ့ရှိတဲ့ ကာတွန်းကားလေးတွေရဲ့ အငွေ့အသက်မျိုး ရအောင် ဖန်တီးထားတာပါ။ Animation ပိုင်းမှာလည်း ခေတ်မီ CGI နဲ့ 2D ကို ပေါင်းစပ်ထားလို့ ရုပ်ထွက်က အရမ်းမိုက်ပါတယ်။ မူရင်း Stranger Things ရဲ့ ထိတ်လန့်စရာ အငွေ့အသက်တွေကို သိပ်မလျှော့ထားဘဲ မိသားစုတွေပါ အတူတူ ကြည့်လို့ရမယ့် ပေါ့ပေါ့ပါးပါး ပုံစံမျိုးလေး ဖန်တီးထားတာမို့ Stranger Things ပရိသတ်တွေ အနေနဲ့ အလွမ်းပြေ သဘောကျမယ့် စီးရီးလေးပဲ ဖြစ်ပါတယ်။ အပိုင်း ၁၀ ပိုင်း ပါဝင်ပါတယ်။ File size… (700 MB) / (300 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Episode... 10 Genre…. Animation, Fantasy, Horror Duration…. 30min Subtitle…. Myanmar Subtitle (Hardsub)
ဇာတ်ကားကြည့်ရန်