ဇာတ်ကားများ ရွေးရန်

Turning Red

2022ဇာတ်ကားအမှတ် 7.5/10100 မိနစ်4K

လီမေလင်းဟာ တရုတ်မိသားစုက ပေါက်ဖွားလာတဲ့ အသက် ၁၃ နှစ်အရွယ် ကောင်မလေးပါ။ တရုတ်ရိုးရာတွေကို နားလည်ထားသလို ဘုံကျောင်းကိစ္စတွေမှာလည်း ကိုယ်တိုင်ဝင်ကူပေးနေသူဖြစ်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်အရွယ် ရောက်လာတော့ နှစ်သက်တဲ့အဆိုတော်တွေ၊ ရင်ခုန်မိတဲ့ကောင်လေးတွေလည်း ရှိလာတယ်။ သူ့ရဲ့ခေတ်ဆန်တဲ့အတွေးတွေနဲ့ ရှေးရိုးဆန်တဲ့အမေတို့ကြား ဘယ်လိုအတိုက်အခံတွေ ဖြစ်လာမလဲဆိုတာ တွေ့ရမှာပါ။ သူအကြိုက်ဆုံးအဆိုတော်အဖွဲ့ 4-town က ဖျော်ဖြေပွဲကျင်းပတော့မှာမို့ လီမေလင်းလည်း သွားခွင့်ရဖို့ ကြိုးစားနေပါတယ်။ သူ့မှာတော့ ထူးခြားတဲ့ပြဿနာတစ်ခု ရှိနေတယ်။ စိတ်အရမ်းလှုပ်ရှားလာတဲ့အခါ လူကနေ ပန်ဒါနီအဖြစ် ပြောင်းလဲသွားတတ်တာပါ။ ဖျော်ဖြေပွဲသွားချင်တဲ့ ကောင်မလေးတစ်ယောက် ဒီလိုပြောင်းလဲမှုတွေနဲ့အတူ ဘာတွေကြုံလာရမလဲဆိုတာ ဆက်ပြထားပါတယ်။ အပျိုဖော်ဝင်စအရွယ်ရဲ့ ရှက်စိတ်၊ ကြောက်စိတ်နဲ့ လူကြီးဖြစ်ချင်စိတ်တွေကို နောက်ခံထားပြီး ပထမဆုံးဓမ္မတာလာချိန်လို ဆယ်ကျော်သက်မိန်းကလေးတွေ ကြုံရတတ်တဲ့အတွေ့အကြုံတွေကိုလည်း ထည့်သွင်းထားပါတယ်။ ကိုယ့်ကိုယ်ကိုယ် လူကြီးလို့သတ်မှတ်ချင်ပေမယ့် မိဘတွေက ကလေးလို့ပဲ မြင်နေသေးတဲ့အခါ ဖြစ်ရတဲ့ ကတောက်ကဆတွေနဲ့ သူငယ်ချင်းအချင်းချင်းကြားက ချစ်ခင်မှုကိုလည်း ဖော်ပြထားပါတယ်။

ဇာတ်လမ်းအကြောင်း